သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ တရုတ်ကပ္ပတိန် ပြန်လွတ်မြောက်


ဂျပန်အစိုးရက သူတို့ဖမ်းဆီးထားတဲ့ တရုတ်ငါးဖမ်းသင်္ဘောကပ္ပတိန် တဦးကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကို ဆက်လက် ဖမ်းဆီးထားခြင်းအားဖြင့် တရုတ်-ဂျပန် ဆက်ဆံရေးကို ထိခိုက်စေနိုင်တာကြောင့် ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ဂျပန်အစိုးရရဲ့ တရားလို ရှေ့နေတွေက ဒီနေ့ပဲ ကြေညာခဲ့တာပါ။

လွန်ခဲ့တဲ့ ၂ ပတ်က အငြင်းပွားစရာ ရေပိုင်နက်ထဲမှာ ဂျပန်သင်္ဘော ၂ စီးနဲ့ ၀င်တိုက်ခဲ့တဲ့ တရုတ်သင်္ဘောက ကပ္ပတိန်ဖြစ်သူကို ဂျပန်က ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး နှစ်နိင်ငံကြား အငြင်းပွားနေခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်အစိုးရက ကပ္ပတိန်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့သလို ဂျပန်နဲ့ စီစဉ်ထားတဲ့ ထိပ်သီး အစည်းအဝေးတွေကိုလည်း ဖျက်သိမ်းခဲ့တာပါ။

တချိန်ထဲမှာပဲ တရုတ်က သူ့နိုင်ငံရဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေကို တရားမ၀င် ဗွီဒိုယို မှတ်တမ်းတင် ရိုက်ကူးနေတယ်လို့ သံသယဖြစ်ရတဲ့ ဂျပန်နိုင်ငံသား ၄ ဦးကို စစ်ဆေး မေးမြန်းနေပါတယ်။

Fujita ခေါ် ဂျပန် ဆောက်လုပ်ရေး ကုမ္ပဏီက ၀န်ထမ်း ၄ ဦးဟာ တရုတ်နိုင်ငံမှာ အထိမ်းသိမ်းခံ ထားရတယ်လို့ ဂျပန် အာဏာပိုင်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ Xinhua သတင်းဌာနကတော့ ဒီလူ ၄ ဦးဟာ တရုတ် စစ်တပ်နယ်မြေထဲ ခွင့်ပြုချက်မရဘဲ ၀င်ရောက်ခဲ့သူတွေ စွပ်စွဲရေးသားထားပါတယ်။

XS
SM
MD
LG