သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အစိုးရ ဆင်ဆာဖြတ်တောက်မှုအပေါ် ဆန္ဒပြကန့်ကွက်


ဆန္ဒပြသူများ Southern Weekly သတင်းစာတိုက်ရှေ့မှာ ဆန္ဒပြနေကြစဉ်။
ဆန္ဒပြသူများ Southern Weekly သတင်းစာတိုက်ရှေ့မှာ ဆန္ဒပြနေကြစဉ်။
တရုတ်နိုင်ငံမှာ အစိုးရရဲ့ ဆင်ဆာတည်းဖြတ်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ တိုင်းပြည်မှာ အပွင့်လင်းဆုံး ဝေဖန်ပြောဆိုလေ့ရှိတဲ့ သတင်းစာတိုက်တခုက သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ ဆန္ဒပြခဲ့ကြပါတယ်။

သြဇာကြီးတဲ့ Southern Weekly သတင်းစာထဲမှာထည့်မယ့် နှစ်သစ်ကူး ဆောင်းပါးတပုဒ်ကို ဒေသ ဆိုင်ရာ ဝါဒဖြန့်ချိရေး အကြီးအကဲက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပိတ်ပင် ကန့်သတ်ခဲ့ပြီးတဲ့နောက် အဲဒီအရာရှိ နုတ်ထွက်ပေးဖို့ တောင်ပိုင်း ဂွမ်ဒေါင်း ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ ဂွမ်ဇောင်းမှာ ဆန္ဒပြသူတွေ တနင်္လာနေ့က တောင်းဆိုခဲ့ကြတာပါ။

အခြေခံဥပဒေအရ အုပ်ချုပ်တဲ့ အစိုးရတရပ် ပေါ်ပေါက်ဖို့ နှိုးဆော်ရေးသားထားတဲ့ အဲဒီဆောင်းပါးကို လက်ရှိ အာဏာရ ကွန်မြူနစ်ပါတီရဲ့ အောင်မြင်မှုတွေကို ချီးမြှောက်ရေးသားထားတဲ့ ဆောင်းပါးတပုဒ်နဲ့ အစားထိုး ဖော်ပြခဲ့ပါတယ်။

ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ခွင့်ပြုခဲ့တာကြောင့် ဒါဟာ ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုတဲ့ ကွန်မြူနစ်ပါတီ အကြီးအကဲဖြစ်သူ ရှီကျင့်ဖျင်ရဲ့ ပြောဆိုချက်ကို စိန်ခေါ်မှုတခုအဖြစ် တရုတ်အရေးလေ့လာသူ အများအပြားက သုံးသပ်ကြပါတယ်။
XS
SM
MD
LG