သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဆင်ဆာဖြတ်တောက်မှုပေါ် ဆန္ဒပြမှုပျံ့နှံ့


ဂွမ်ဇောင်းမြို့က Southern Weekly သတင်းတိုက်ရှေ့မှာ ဆန္ဒပြနေကြသူတွေ ချထားတဲ့ စာတန်းတွေနဲ့ ပန်းပွင့်တွေရှေ့မှာ လုံခြုံရေးရဲမျုား။
ဂွမ်ဇောင်းမြို့က Southern Weekly သတင်းတိုက်ရှေ့မှာ ဆန္ဒပြနေကြသူတွေ ချထားတဲ့ စာတန်းတွေနဲ့ ပန်းပွင့်တွေရှေ့မှာ လုံခြုံရေးရဲမျုား။
တရုတ်နိုင်ငံမှာ အစိုးရရဲ့ ဆင်ဆာတည်းဖြတ်မှုတခုကြောင့် ဒေသဆိုင်ရာ အငြင်းပွားမှုတခုကနေ တနိုင်ငံ လုံးအနှံ့ အင်တာနက် အွန်လိုင်းပေါ်မှာ ဆန္ဒပြ ကန့်ကွက်တာတွေ ဖြစ်နေတာနဲ့ အမျှ နိုင်ငံတောင်ပိုင်းမှာ လွတ်လပ်ပြောဆိုခွင့်ဆိုင်ရာ ဆန္ဒပြသူတွေနဲ့ ကွန်မြူနစ်ပါတီကို ထောက်ခံသူတွေအကြား အင်္ဂါနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။

သတင်းပိုင်းဆိုင်ရာ မူဝါဒအပေါ် အစိုးရက ဝင်ပြီးစွက်ဖက်တယ်လို့ဆိုတဲ့အပေါ် သတင်းမီဒီယာသမားတွေ ဆန္ဒပြ ကန့်ကွက်နေ ကြတဲ့ ဂွမ်ဇောင်းမြို့က Southern Weekly သတင်းစာတိုက်အပြင်ဘက်မှာ ရာပေါင်းများစွာသော ဆန္ဒပြသူတွေ အင်္ဂါနေ့က စုဝေးခဲ့ကြတာပါ။

သတင်းမီဒီယာဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုတဲ့ စာတမ်းတွေကိုကိုင်ဆောင်ပြီး ဆန္ဒပြနေကြသူတွေကို တရုတ် အလံတွေဝှေ့ယမ်းပြီး ဥက္ကဋ္ဌ မော်စီတုန်းရဲ့ပိုစတာတွေကို ကိုင်ဆောင်ထားတဲ့ ကွန်မြူနစ်ပါတီကို ထောက်ခံသူတွေက ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီးတဲ့နောက် အသေးစား ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ ရှိခဲ့ပါတယ်။

အခြေခံဥပဒေအရ အခွင့်အရေးတွေပိုပေးဖို့ တိုက်တွန်းထားတဲ့ နှစ်သစ်ကူး အယ်ဒီတာ့အာဘော်တပုဒ်ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ပိတ်ပင်ခဲ့ပြီးတဲ့နော်က ပြည်နယ် ဝါဒဖြန့်ချိရေးအကြီးအကဲ နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။ အဲဒီ အယ်ဒီတာ့အာဘော်ဆောင်းပါးနေရာမှာ ကွန်မြူနစ်ပါတီရဲ့ အောင်မြင်မှုတွေကို ချီးမြှောက်ရေးသားထားတဲ့ ဆောင်းပါးတပုဒ်နဲ့ အစားထိုး ဖော်ပြခဲ့ပါတယ်။
XS
SM
MD
LG