သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ဗဟိုဘဏ္ ဒုဥကၠ႒ စစ္ေဆးခံေနရ


FILE - Then China Construction Bank Corp Vice President Fan Yifei attends a press conference in Hong Kong on April 6, 2006.

တ႐ုတ္ဗဟိုဘဏ္ ဒုတိယဥကၠ႒တေယာက္ကို ဖမ္းဆီးစစ္ေဆးေနတယ္လို႔ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ အဂတိလိုက္စားမူ တိုက္ဖ်က္ေရး ေကာ္မရွင္က ေၾကညာပါတယ္။

ဗဟိုဘဏ္ ဒုဥကၠ႒ ၆ ေယာက္ထဲက တေယာက္ျဖစ္သူ ဒုဥကၠ႒ Fan Yifei ကို ႀကီးေလးတဲ့ စည္းမ်ဥ္းဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ စုံစမ္းစစ္ေဆးေနတယ္လို႔၊ ဗဟိုစည္းကမ္းစစ္ေဆးေရးေကာ္မရွင္ (CCDI) က ဒီေန႔ စေနေန႔မွာ ေၾကညာတာပါ။

အြန္လိုင္းေပၚမွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္အတိုေလးထဲမွာ၊ ဘယ္ဥပေဒ စည္းကမ္းဥပေဒကို ခ်ိဳးေဖာက္တာလဲဆိုတာ အေသးစိတ္ကိုေတာ့ ရွင္းရွင္းေျပာမထားပါဘူး။ အသက္ ၅၈ အ႐ြယ္ Fan ဟာ ဘ႑ာေရးအရာရွိဘဝကေန ဗဟိုဘဏ္ ဒုဥကၠ႒တာဝန္ကို ၂၀၁၅ ခုႏွစ္ထဲက တာဝန္ယူေနတာ ျဖစ္ပါတယ္။

သူဟာ အရင္ တ႐ုတ္ေဆာက္လုပ္ေရးဘဏ္နဲ႔ ရင္ႏွီးျမဳပ္ႏွံမႈဘဏ္ေတြမွာ အဆင့္ျမင့္အရာရွိ တာဝန္ေတြထမ္းေဆာင္ခဲ့ၿပီး၊ တ႐ုတ္ႏိုင္ငံမွာ ဒစ္ဂ်စ္တယ္ ေငြေၾကးသုံးစြဲလာေရးကို အဓိက ဦးေဆာင္လုပ္ခဲ့သူ ျဖစ္ပါတယ္။

တ႐ုတ္သမၼတ Xi Jinping တတိယအႀကိမ္ ေခါင္းေဆာင္တာဝန္ကို သမိုင္းဝင္ယူဖို႔ အတည္ျပဳခဲ့တဲ့ တ႐ုတ္ျပည္သူ႔ကြန္ဂရက္ညီလာခံ က်င္းပၿပီးေနာက္မွာ ဗဟိုဘဏ္ ဒုဥကၠ႒ ပထမဆုံး ဖမ္းဆီးခံရတာပါ။

အက်င့္ပ်က္ခ်စားတယ္လို႔ဆိုတဲ့ တ႐ုတ္ကြန္ျမဴနစ္ပါတီထဲက ဘ႑ာေရးက႑ာပိုင္း တာဝန္ရွိသူေတြအေပၚ အေရးယူမႈေတြကို သမၼတ Xi က ၿပီးခဲ့တဲ့ ႏွစ္ပိုင္းေတြအတြင္း တိုးျမႇင့္လုပ္ေနပါတယ္။ ဒီႏွစ္ ေမလတုံးကလည္း ဗဟိုဘဏ္ရဲ႕ ေနာက္အရွိတစ္ဦးျဖစ္တဲ့ ေငြေၾကးဆိုင္ရာမူဝါဒဌနာ အႀကီးအကဲ Sun Guofeng ကို အလားတူ ခ်ိဳးေဖာက္မႈသံသယနဲ႔ စစ္ေဆးေနတယ္လို႔ အဂတိတိုက္ဖ်က္မႈအဖြဲ႕က ေၾကညာခဲ့ပါေသးတယ္။ ဗဟိုဘဏ္အျပင္၊ ဘဏ္လုပ္ငန္းနဲ႔ အာမခံဆိုင္ရာ စည္းကမ္းခ်မွတ္တဲ့ လုပ္ငန္းေတြအပါအဝင္ ေငြေၾကးဆိုင္ရာအဖြဲ႔အစည္းေပါင္း ၂၅ ခုကိုလည္း အၿပီးသတ္ စုံစမ္းစစ္ေဆးထားၿပီးၿပီလို႔ ေဖေဖာ္ဝါရီလက ေၾကညာထားပါတယ္။

တ႐ုတ္သမၼတ Xi Jinping လက္ေအာက္မွာ ကြန္ျမဴနစ္ပါတီရဲ႕ အဂတိလိုက္စားမႈ စီမံခ်က္ေတြအေပၚ လူထုေထာက္ခံမႈ ရေနေပမဲ့၊ သမၼတနဲ႔ ႏိုင္ငံေရးၿပိဳင္ဘက္ ျဖစ္လာႏိုင္သူေတြအေပၚ အေရးယူဖို႔ လက္နက္ျဖစ္လာတယ္လို႔ ေလ့လာေစာင့္ၾကည့္သူေတြက ေျပာေနပါတယ္။

==== Unicode ====

တရုတ်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အဂတိလိုက်စားမူ တိုက်ဖျက်ရေး ကော်မရှင်က ကြေညာပါတယ်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ၆ ယောက်ထဲက တယောက်ဖြစ်သူ ဒုဥက္ကဋ္ဌ Fan Yifei ကို ကြီးလေးတဲ့ စည်းမျဉ်းဥပဒေ ချိုးဖောက်မှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့၊ ဗဟိုစည်းကမ်းစစ်ဆေးရေးကော်မရှင် (CCDI) က ဒီနေ့ စနေနေ့မှာ ကြေညာတာပါ။

အွန်လိုင်းပေါ်မှာ ထုတ်ပြန်တဲ့ ကြေညာချက်အတိုလေးထဲမှာ၊ ဘယ်ဥပဒေ စည်းကမ်းဥပဒေကို ချိုးဖောက်တာလဲဆိုတာ အသေးစိတ်ကိုတော့ ရှင်းရှင်းပြောမထားပါဘူး။ အသက် ၅၈ အရွယ် Fan ဟာ ဘဏ္ဍာရေးအရာရှိဘဝကနေ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတာဝန်ကို ၂၀၁၅ ခုနှစ်ထဲက တာဝန်ယူနေတာ ဖြစ်ပါတယ်။

သူဟာ အရင် တရုတ်ဆောက်လုပ်ရေးဘဏ်နဲ့ ရင်နှီးမြုပ်နှံမှုဘဏ်တွေမှာ အဆင့်မြင့်အရာရှိ တာဝန်တွေထမ်းဆောင်ခဲ့ပြီး၊ တရုတ်နိုင်ငံမှာ ဒစ်ဂျစ်တယ် ငွေကြေးသုံးစွဲလာရေးကို အဓိက ဦးဆောင်လုပ်ခဲ့သူ ဖြစ်ပါတယ်။

တရုတ်သမ္မတ Xi Jinping တတိယအကြိမ် ခေါင်းဆောင်တာဝန်ကို သမိုင်းဝင်ယူဖို့ အတည်ပြုခဲ့တဲ့ တရုတ်ပြည်သူ့ကွန်ဂရက်ညီလာခံ ကျင်းပပြီးနောက်မှာ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ပထမဆုံး ဖမ်းဆီးခံရတာပါ။

အကျင့်ပျက်ချစားတယ်လို့ဆိုတဲ့ တရုတ်ကွန်မြူနစ်ပါတီထဲက ဘဏ္ဍာရေးကဏ္ဍာပိုင်း တာဝန်ရှိသူတွေအပေါ် အရေးယူမှုတွေကို သမ္မတ Xi က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တိုးမြှင့်လုပ်နေပါတယ်။ ဒီနှစ် မေလတုံးကလည်း ဗဟိုဘဏ်ရဲ့ နောက်အရှိတစ်ဦးဖြစ်တဲ့ ငွေကြေးဆိုင်ရာမူဝါဒဌနာ အကြီးအကဲ Sun Guofeng ကို အလားတူ ချိုးဖောက်မှုသံသယနဲ့ စစ်ဆေးနေတယ်လို့ အဂတိတိုက်ဖျက်မှုအဖွဲ့က ကြေညာခဲ့ပါသေးတယ်။ ဗဟိုဘဏ်အပြင်၊ ဘဏ်လုပ်ငန်းနဲ့ အာမခံဆိုင်ရာ စည်းကမ်းချမှတ်တဲ့ လုပ်ငန်းတွေအပါအဝင် ငွေကြေးဆိုင်ရာအဖွဲ့အစည်းပေါင်း ၂၅ ခုကိုလည်း အပြီးသတ် စုံစမ်းစစ်ဆေးထားပြီးပြီလို့ ဖေဖော်ဝါရီလက ကြေညာထားပါတယ်။

တရုတ်သမ္မတ Xi Jinping လက်အောက်မှာ ကွန်မြူနစ်ပါတီရဲ့ အဂတိလိုက်စားမှု စီမံချက်တွေအပေါ် လူထုထောက်ခံမှု ရနေပေမဲ့၊ သမ္မတနဲ့ နိုင်ငံရေးပြိုင်ဘက် ဖြစ်လာနိုင်သူတွေအပေါ် အရေးယူဖို့ လက်နက်ဖြစ်လာတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောနေပါတယ်။

XS
SM
MD
LG