သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ်ယာန်ဘာသာရေး ၀တ်ပြုသူတွေ တရုတ်နိုင်ငံမှာ ဖမ်းဆီးခံရ


ခရစ်ယာန်ဘာသာရေး ၀တ်ပြုသူတွေ တရုတ်နိုင်ငံမှာ ဖမ်းဆီးခံရ

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့ ပုံမှန်ပြုလုပ်နေကျ ဘုရားကျောင်းက နှင်ထုတ်ခံရပြီးနောက်ပိုင်း အပြင်မှာ ဘုရားဝတ်ပြုပွဲ ကျင်းပဖို့ ကြိုးစားနေတုန်း တရုတ်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ထိန်းသိမ်းလိုက်ပါတယ်။

ဘေဂျင်းမြို့ စားသောက်ဆိုင်တခုကို ငှားပြီး သူတို့ ဘုရားဝတ်ပြုနေကြတဲ့နေရာကနေ အဓမ္မ နှင်ထုတ်ခံ ရပြီးတဲ့နောက် အဖွဲ့ဝင် ၁,၀၀၀ လောက်ရှိတဲ့ လျှိုဝမ်င် (Shouwang) ဘုရားကျောင်းက ပရိုတက်စတန့် ဂိုဏ်းဝင်တွေအနေနဲ့ ဘေဂျင်းမြို့က အမိုးအကာမရှိတဲ့ကွင်းပြင်မှာ တနင်္ဂနွေနေ့က ဘုရားဝတ်ပြုကြဖို့ ခေါင်းဆောင်တွေက ဖိတ်ကြားထားတာပါ။

ဒါပေမဲ့ သူတို့အဲဒီလို အပြင်မှာ ဘုရားဝတ်ပြုကြမယ့်အစီအစဉ်ကို ရဲက ကြိုသိသွားတဲ့အတွက် သူတို့ ၀တ်ပြုမယ့်နေရာကို ကြိုးဝိုင်းတားပြီး ၀တ်ပြုဖို့ ရောက်လာကြသူတွေကို ဖမ်းဆီးခဲ့တာပါ။ အဲဒီလူတွေကို ဘတ်စ်ကားပေါ်တင်နေတဲ့ပုံတွေ ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။

တရုတ်အစိုးရက ခွင့်ပြုတဲ့နေရာတွေမှာပဲ ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားဝတ်ပြုခွင့်ရကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်တွင်းက ခရစ်ယာန်ဘာသာဝင် သန်း ၈၀ လောက်ဟာ တရားဝင် မှတ်ပုံမတင်ထားတဲ့ နေရာတွေမှာသာ ဘုရားဝတ်ပြုနေကြရတာ ဖြစ်ပါတယ်။ လောလောဆယ် ဖမ်းဆီးခံထားရသူ ၂၀၀ လောက် ရှိနေပြီလို့ ရဲဖမ်းရာကနေ ထွက်ပြေး လွတ်မြောက်လာသူ တဦးက အေပီသတင်းဌာနကို ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG