သုံးရလွယ်ကူစေသည့် Link များ

စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ အရပ်ဘက် တည်ငြိမ်ရေးကို တရုတ်ကွန်မြူနစ်ပါတီ အလေးပေးမည်


စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ အရပ်ဘက် တည်ငြိမ်ရေးကို တရုတ်ကွန်မြူနစ်ပါတီ အလေးပေးမည်
စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ အရပ်ဘက် တည်ငြိမ်ရေးကို တရုတ်ကွန်မြူနစ်ပါတီ အလေးပေးမည်

သောကြာနေ့က ကျရောက်တဲ့ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၉၀ မြောက် အခမ်းအနားမှာ တရုတ်သမ္မတ ဟူဂျင်းတောင် (Hu Jintao) က ကွန်မြူနစ်ပါတီ အနေနဲ့ တိုင်းပြည်မှာ လူထုတွင်း တည်ငြိမ်မှုရှိအောင် ထိန်းချုပ်ပေးရင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လည်း သေချာပေါက် လုပ်ဆောင်ရမယ်လို့ ထောင်ပေါင်းများစွာသော ပါတီအရာရှိတွေနဲ့ အဖွဲ့ဝင်တွေကို ပြောကြားခဲ့ပါတယ်။

၁ နာရီခွဲကြာ ထုတ်လွှင့်ပြသခဲ့တဲ့ ဘေဂျင်းက ပြည်သူ့ခန်းမဆောင်မှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း သမ္မတ ဟူက အကျင့်ပျက် ခြစားမှု ရှင်းလင်းရေး ကိစ္စကို ရွေးချယ် ပြောကြားခဲ့ပါတယ်။ ဒါဟာ ပါတီရဲ့ ဥပဒေ စိုးမိုးမှုအပေါ် အန္တရာယ် ဖြစ်နေတာပါ။

ဒီလို အကျင့်ပျက် ခြစားမှုကြောင့် လူတွေရဲ့ ယုံကြည်မှုနဲ့ ပါတီအပေါ် ထောက်ခံမှုတွေလည်း ဆုံးရှုံးသွားနိုင်တယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီအမှားတွေကို ကွန်မြူနစ်ပါတီ အနေနဲ့ သင်ခန်းစာယူခဲ့ပြီး ပြင်ဆင်ဖို့အတွက်လည်း လုပ်ဆောင်ခဲ့တယ်လို့ တရုတ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

လူ သန်းပေါင်းမြောက်မြားစွာ သေဆုံးခဲ့ရတဲ့ ပါတီရဲ့ ပထမအစောပိုင်း ဆယ်စုနှစ် အနည်းငယ်အတွင်း မူဝါဒတွေနဲ့ ပတ်သက်လို့တော့ တိတိကျကျ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

XS
SM
MD
LG