သုံးရလွယ်ကူစေသည့် Link များ

ကိုးကန့်တိုက်ပွဲကြောင့် နယ်စပ်လုံခြုံရေး တရုတ်စိုးရိမ်


ကိုးကန့်ဒေသတိုက်ပွဲတွေကြောင့် ထွက်ပြေးလာရသူ စစ်ရှောင်ဒုက္ခသည်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ထောက်ပံ့ပစ္စည်းများ ပေးဝေစဉ်။
ကိုးကန့်ဒေသတိုက်ပွဲတွေကြောင့် ထွက်ပြေးလာရသူ စစ်ရှောင်ဒုက္ခသည်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ထောက်ပံ့ပစ္စည်းများ ပေးဝေစဉ်။

တရုတ် မြန်မာနယ်စပ်နားမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် တရုတ်ရဲ့နယ်စပ်လုံခြုံရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေကြား လုံခြုံရေးအပေါ်
သက်ရောက်မှုတွေရှိနေပြီး ဒီပြဿနာတွေအတွက် ၂ နိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူတွေကြား အနီးကပ်ဆက်ဆံ ဖြေရှင်းနေတယ်လို့
တရုတ်ထိပ်တန်း သံတမန်တယောက်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ကိုးကန့်တပ်တွေကြားဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တရုတ်ဒေသခံအာဏာပိုင်တွေ ပါဝင် ပတ်သက်မှု မရှိဘူးဆိုတာကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Kong Xuanyou က ရှင်ဟွာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ တရုတ်မြန်မာဆက်ဆံရေးကို ထိခိုက်စေမဲ့လုပ်ရပ်တွေ၊ ၂ နိုင်ငံနယ်စပ်တည်ငြိမ်မှု ပျက်ပြားစေမဲ့ လုပ်ရပ်တွေကို တရုတ်ပိုင်နက်ထဲ ကနေလုပ်တာမျိုး ဘယ်သူ့ကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ အာရှရေးရာညွှန်ကြားရေးမှူးချုပ် Kong ရဲ့ အပြောကို ရှင်ဟွာသတင်းထဲမှာ ကိုးကား ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ သူများပြည်တွင်းရေးမှာဝင်မစွက်တဲ့မူကို အမြဲလက်ကိုင်ထားနေသလို တရုတ်-မြန်မာဆက်ဆံရေးမှာ အပြန်အလှန်နားလည်မှုနဲ့ လေးစားမှုက အရေးကြီးတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူးချုပ်က ရှင်ဟွာသတင်းကို ပြောခဲ့ပါတယ်။

ကိုးကန့်ဒေသဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ တရုတ်ကြေးစားတပ်တွေ ကိုးကန့်တပ်ဘက်ကနေ ဝင်တိုက်နေတယ်လို့ မြန်မာကာကွယ်ရေး ဌာနပြောခွင့်ရသူက စွပ်စွဲခဲ့ပြီးနောက် တရုတ်ဘက်က နောက်ထပ် ငြင်းဆန်ချက်ထွက်လာတာပါ၊ တရုတ်အစိုးရပြောခွင့်ရသူ Hong Lei ကလည်း
တရုတ်ပိုင်နက်ကို အသုံးချပြီး မြန်မာနိုင်ငံအပေါ် တိုက်ခိုက်မှုတွေလုပ်တာကို တရုတ်နိုင်ငံအနေနဲ့ ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့တပတ်ထဲမှာ ငြင်းဆန်ခဲ့ပါတယ်။

XS
SM
MD
LG