သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအနိုင်ရ ထိုင်ဝမ်သမ္မတလောင်းကို ချီးကျုးသူတွေ တရုတ်ကန့်ကွက်


Taiwanese Vice President Lai Ching-te, also known as William Lai, left, celebrates his victory with running mate Bi-khim Hsiao, right, in Taipei, Taiwan, Jan. 13, 2024.
Taiwanese Vice President Lai Ching-te, also known as William Lai, left, celebrates his victory with running mate Bi-khim Hsiao, right, in Taipei, Taiwan, Jan. 13, 2024.

ထိုင်ဝမ်အာဏာရပါတီ Democratic Progressive Party (DPP) ကို ထောက်ခံကြတဲ့ နိုင်ငံတွေကို တရုတ်နိုင်ငံခြားရေး ဌာနနဲ့ နိုင်ငံတကာမှာရှိတဲ့ သံရုံးတွေက သတိပေးလိုက်သလို ထိုင်ဝမ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် အနိုင်ရသွားတဲ့ Lai Ching-te ကို ချီးကျုးစကားပြောကြားကြတဲ့ အစိုးရတွေကိုလည်း ရှုတ်ချလိုက်ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ DPP ပါတီ သမ္မတလောင်း Lai ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ချီးကျုးစကား ပြောကြားလိုက်ပြီး ထိုင်ဝမ်နဲ့ အလွတ်သဘော ဆက်ဆံရေး ဆက်လက်ထားရှိသွားဖို့ မျှော်လင့်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တဲ့အပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီကနေ့ပဲ အပြင်းအထန် တုံ့ပြန်ခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ဟာ ထိုင်ဝမ်းက ခွဲထွက်ရေး လိုလားသူတွေကို မှားယွင်းတဲ့ သတင်းစကားပါးရာရောက်တဲ့ လုပ်ရပ်အဖြစ် ပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီ ခိုင်မာအားကောင်းမှုကို ပြသတဲ့ လုပ်ရပ်အဖြစ် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron ချီးကျုးစကား ပြောကြားခဲ့တဲ့အပေါ်မှာလည်း မှားယွင်းတဲ့ လုပ်ရပ်အဖြစ် တရုတ်သံရုံးက စနေနေ့မှာ တုံ့ပြန်ခဲ့တာပါ။

ထိုင်ဝမ်သမ္မတလောင်း ရွေးကောက်ပွဲ အနိုင်ရတဲ့အပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa ချီးကျုးခဲ့တဲ့အတွက်လည်း တရုတ်နိုင်ငံက သံတမန်ရေးအရ ကန့်ကွက်ခဲ့ပါတယ်။

XS
SM
MD
LG