သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဘက် ကျတဲ့ ဗုံးကိစ္စ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြောကြား


တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသပြမြေပုံ။
တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသပြမြေပုံ။

တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းကို ဆင့်ခေါ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အလေးအနက် ပြောကြားတယ်လို့ တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းဌာနရဲ့ မတ်လ ၁၄ ရက်၊ စနေနေ့ ရက်စွဲနဲ့သတင်း မှာ ဖော်ပြထားပါတယ်။

ယူနန်ပြည်နယ်၊ Lincang နယ်စပ်မြို့က ကြံစိုက်ခင်း ကို သောကြာနေ့ နေ့လည်ပိုင်းက ဗုံးထိမှန်တာကြောင့် အလုပ်လုပ်နေ သူ လေးဦး သေဆုံးပြီး တခြားကိုးဦး ဒဏ်ရာရသွားတယ်လို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်အပေါ် ဒုဝန်ကြီး Liu က ပြစ်တင်ရှုတ်ချပြီး ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးဖို့နဲ့ သိလာရတာတွေကို တရုတ်နိုင်ငံကို အသိပေး ဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။

တာဝန်ရှိသူကို အပြစ်ပေးဖို့၊ နောက်ပိုင်းဖြစ်လာတာတွေကို လိုအပ်ချက် နဲ့အညီ ကိုင်တွယ်ဖို့၊ အဲဒီလိုဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်မလာအောင် တားဆီးရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတွေအတွက် ထိထိရောက်ရောက်နဲ့ ချက်ခြင်းလုပ်ဖို့လည်း တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရကို တိုက်တွန်း ခဲ့ပါတယ်။

XS
SM
MD
LG