သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ် ဒုသမ္မတ အမေရိကန် တထောက်နားခရီးစဉ် တရုတ်ကန့်ကွက်

FILE - Taiwan Vice President William Lai
FILE - Taiwan Vice President William Lai

ထိုင်ဝမ်ဒုသမ္မတ William Lai ရဲ့ ပါရာဂွေးနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှာ ခရီးတထောက်အဖြစ် အမေရိကန်ပြည်ထောင်စုကိုဝင်ရောက်ခဲ့တာကို တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။ အမေရိကန်ကို ဝင်ရောက်တဲ့ ခရီးစဉ်အပေါ် ပြတ်ပြတ်သားသား အခိုင်အမာ တုံ့ပြန်သွားမယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ဒါအပြင် ထိုင်ဝမ်ဒုသမ္မတကို အမေရိကန်မှာရပ်နားခွင့်ရဖို့ စီစဉ်တဲ့ အမေရိကန်အစိုးရကို တရုတ်အနေနဲ့ ထပ်ပြပီး ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အမေရိကန်အစိုးရ အနေနဲ့ ထိုင်ဝမ်ဒေသနဲ့ ပုံစံမျိုးစုံ တရားဝင်နည်းလမ်းဆက်ဆံ ဖို့လုပ်နေတာတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း ရေးသားထားပါတယ်။

Lai ဟာ ထိုင်ဝမ်ကို တရုတ်ကနေခွဲထွက်ရေးဆိုတဲ့ ရပ်တည်ချက်ကို ဆုပ်ကိုင်ထားသူဖြစ်ပြီး တရုတ်ကိုပြဿနာဖြစ်အောင်ဖန်တီးနေသူဖြစ်တယ်လို့လည်း တရုတ်က စွပ်စွဲထားပါတယ်။

ထိုင်ဝမ်ဒုသမ္မတ William Lai ဟာ အမေရိကန်ပြည်ထောင်စုက နာမည်ကျော် ဟားဗတ်တက္ကသိုလ်က ပါရဂူဘွဲ့ရခဲ့သူတဉီးဖြစ်ပြီး လာမယ့် ထိုင်ဝမ်ရွေးကောက်ပွဲမှာ ထိပ်ဆုံးနေရာမှာ ရှိနေသူတဦး ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG