သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဖြူးရှပ်စ် နှစ် ၂၅၀၀ ပြည့်မွေးနေ့ ဘေဂျင်းမှာ ကျင်းပ

ကွန်ဖြူးရှပ်စ် နှစ် ၂၅၀၀ ပြည့်မွေးနေ့ ဘေဂျင်းမှာ ကျင်းပ
ကွန်ဖြူးရှပ်စ် နှစ် ၂၅၀၀ ပြည့်မွေးနေ့ ဘေဂျင်းမှာ ကျင်းပ

တရုတ် အတွေးအခေါ် ဒဿနပညာရှင် ကွန်ဖြူးရှပ်စ် (Confucius) ရဲ့ မွေးနေ့ အခါသမယ အခမ်းအနားကို တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပြီး ကွန်ဖြူးရှပ်စ်ရဲ့ တိုက်ရိုက် ဆင်းသက်လာသူတွေ ပါဝင် တက်ရောက်ခဲ့ကြပါတယ်။

တာဝန်ရှိသူတွေရော ပညာရှင်တွေပါ တက်ရောက်ခဲ့တဲ့ အဲဒီ အခမ်းအနားမှာ အများစုက နှစ်ပေါင်း ၂၅၀၀ ကျော် ကွန်ဖြူးရှပ်စ်ခေတ်က ရိုးရာ အဝတ်အစားတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

နှစ်ပေါင်း ၇၀၀ သက်တမ်းရှိတဲ့ ဘုရားကျောင်းမှာ ကျင်းပတဲ့ အဲဒီ အခမ်းအနားမှာ ဘာသာရေး ဂါရဝပြုပွဲနဲ့ ကွန်ဖြူးရှပ်စ်ရဲ့ အဆိုတွေကို ဖတ်ခဲ့ကြပါတယ်။

တက်ရောက်ကြသူတွေထဲမှာ ကွန်ဖြူးရှပ်စ်ရဲ့ မျိုးဆက်က တိုက်ရိုက် ဆင်းသက်လာသူ ဂေါင်ဝေဇောင် (Kong Weizhong) လည်း ပါဝင်ပါတယ်။ ဂေါင်ဝေဇောင်က သူနဲ့ တခြား တိုက်ရိုက် ဆင်းသက်လာသူတွေဟာ ဒီအခမ်းအနားမှာ ပါဝင်ရတဲ့အတွက် အလွန်ဂုဏ်ယူကြောင်း ပြောပါတယ်။

အခမ်းအနား ကျင်းပတဲ့နေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၆၁ နှစ်က ကွန်ဖြူးရှပ်စ်ရဲ့ မွေးနေ့လို့ ယုံကြည်ကြောင်း သိရပါတယ်။

This item is part of
XS
SM
MD
LG