သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု အန္တရာယ် တရုတ်သမ္မတ သတိပေး


China Congress
China Congress
တရုတ်နိုင်ငံမှာ အကျင့်ပျက်ခြစားတာတွေဟာ ကွန်မြူနစ်ပါတီရဲ့ အာဏာချုပ်ကိုင်မှုကို ထိခိုက်စေနိုင်တယ်လို့ ရာထူးကနေ အနားယူတော့မယ့် တရုတ်သမ္မတ ဟူကျင်းတောင်က သတိပေးလိုက်ပါတယ်။ တရုတ် မျိုးဆက်သစ်ခေါင်းဆောင်တွေ ပေါ်ထွက်လာမယ့် ပါတီညီလာခံအဖွင့်မိန့်ခွန်းမှာ တရုတ်သမ္မတက အဲဒီလို သတိပေးခဲ့တာပါ။

လူတိုင်းဟာ တရားဥပဒေရှေ့မှောက်မှာ တန်းတူညီမျှ ရှိစေရေးအတွက် ကွန်မြူနစ်ပါတီအနေနဲ့ လုပ်ဆောင်ရမယ်လို့ ဘေဂျင်း မြို့တော်က ခမ်းနားလှတဲ့ လူထု မဟာခန်းမမှာကျင်းပတဲ့ ညီလာခံအတွင်း တက်ရောက်လာသူ ကိုယ်စားလှယ် နှစ်ထောင် ကျော်ကို သမ္မတဟူက ပြောခဲ့ပါတယ်။

အကြီးအကျယ် လာဘ်စားခဲ့တာတွေ၊ ဗြိတိန်စီးပွားရေးသမားတဦးကို သတ်ဖြတ်ခဲ့မှုမှာ ဇနီးဖြစ်သူ ပါဝင်ပတ်သက်ခဲ့တာတွေ ကြောင့် စွပ်စွဲပြီး ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ တရုတ် ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သူ ဘို ရှီလိုင်းကိုတော့ မစ္စတာ ဟူက နာမည်ဖော်ပြပြီး ပြောဆိုသွားတာ မရှိပါဘူး။

သီတင်းတပတ်ကြာကျင်းပမယ့် ၁၈ ကြိမ်မြောက် ပါတီညီလာခံအတွင်း မစ္စတာဟူဟာ လက်ရှိ သူယူထားတဲ့ ပါတီအကြီးအကဲ ရာထူးကို ဒုတိယသမ္မတ ရှီ ကျင်ပင်းထံ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ မစ္စတာ ရှီ ကျင်ပင်းဟာ မတ်လမှာ သမ္မတရာထူးကို လွှဲပြောင်းယူမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ တာဝန်ရှိသူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေအပေါ် လူထုရဲ့ အမျက်ဒေါသ ပြင်းထန်လာနေတာနဲ့ ဆင်းရဲ ချမ်းသာကွာဟမှု ကြီးမားလာနေတာတွေကို တရုတ်ခေါင်းဆောင်သစ်တွေ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။
XS
SM
MD
LG