သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုနဲ့ အစစ်ခံနေရသူ တရုတ်စစ်အရာရှိ ကိုယ့်ကိုယ်ကိုအဆုံးစီရင်


Zhang Yang
Zhang Yang

တရုတ်နိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတဲ့ စစ်တပ် အရာရှိ တဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း တရုတ် နိုင်ငံပိုင် သတင်းဌာနက ဒီကနေ့ အင်္ဂါနေ့မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က Zhang Yang က သူ့အိမ်မှာ ကြိုးဆွဲချ သတ်သေသွားတာလို့ နိုင်ငံပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။ Zhang Yang က ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်က အဖွဲ့ဝင် တဦးဖြစ်ပြီး နိုင်ငံရေးရာ ဌာနကို ဦးဆောင်ခဲ့သူပါ။

Zhang Yang ဟာ ဆိုးဆိုးရွားရွား ဥပဒေ ချိုးဖောက်ထားတဲ့ လုပ်ရပ်တွေ၊ နောက် ပိုင်ဆိုင်မှု အများအပြား ရှိနေတဲ့အတွက်လာဘ်ယူမှု သံသယနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ကတည်းက စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။ သမ္မတ ရှီကျင်းပင်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုအတွင်း အစောပိုင်းကာလမှာ ပစ်မှတ်ထားခံရတဲ့ စစ်တပ် ထိပ်တန်း အရာရှိကြီး နှစ်ဦးနဲ့ Zhan Yang တို့ကြား ချိတ်ဆက်မှုတွေကို စုံစမ်းစစ်ဆေးသူတွေက ရှာဖွေနေတာ ဖြစ်ပါတယ်။ Guo Boxiong နဲ့ Xu Caihou တို့က ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယ ဥက္ကဌတွေ ဖြစ်ကြပါတယ်။ Guo Boxiong ကိုတော့ ပြီးခဲ့တဲ့နှစ်က ထောင်ဒဏ်တသက် ချမှတ်ခဲ့ပြီး Xu Caihou ကတော့ အမှု မပြီးခင် ၂၀၁၅ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG