အဂတိတိုက်ဖျက်ရေးကို အပြင်းအထန်ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံမှာ နိုင်ငံ့အရှေ့ပိုင်း အဓိကမြို့ကြီး တစ်ခုရဲ့ မြို့တော်ဝန်ကို ရာထူးက ဖယ်ရှားလိုက်တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။
နန်ကျင်းမြို့တော်ဝန် Ji Jianye ကို ပြင်းထန်တဲ့စည်းကမ်းချိုးဖောက်မှုတွေအတွက် သံသယရှိတယ်လို့ ဖယ်ရှားလိုက်တယ်ဆိုပြီး နိုင်ငံပိုင်ရှင်ဟွာသတင်းဌာနမှာ စနေနေ့က ဖော်ပြခဲ့ပါတယ်။ အသေးစိတ်ကို ဆက်လက်ဖော်ပြမထားပေမဲ့ ဒါဟာ အဂတိလိုက်စားမှုတမျိုးမျိုးအတွက် သုံးနေကျ အသုံးအနှုန်း ဖြစ်ပါတယ်။
နန်ကျင်းဒေသပါတီ ဒုတိယ အကြီးအကဲလည်းဖြစ်တဲ့ မြို့တော်ဝန် Ji ကို ရာထူးက ဖယ်ရှားလိုက်တာဟာ သူ့ကို ကွန်မြူနစ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး နှစ်ရက်အကြာမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတလွှား အဂတိမှုတွေကို နှိမ်နင်းတိုက်ဖျက်သွားဖို့ ကျီရှင်ဖျင်က ကတိပြုထားတာလည်း ဖြစ်ပါတယ်။