သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္မွာ အသက္ ၃ ႏွစ္ကစလို႔ ကိုဗစ္ကာကြယ္ေဆးထိုးေပးမည္


{{ Zawgyi/Unicode}}}


တ႐ုတ္ႏိုင္ငံက ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ အသက္ ၃ ႏွစ္ကေလး က စၿပီး ကိုဗစ္ကာကြယ္ေဆးထိုးေတာ့မယ္လို႔ တာဝန္ရွိသူေတြကေျပာပါတယ္။ တ႐ုတ္ႏိုင္ငံမွာ လူဦးေရစုစုေပါင္းရဲ႕ ၇၆ ရာခိုင္ႏႈန္း ကာကြယ္ေဆးအျပည့္အဝ ထိုးၿပီးၿပီျဖစ္ၿပီး ေရာဂါကူးစက္မႈနဲ႔ပတ္သက္လို႔ တ႐ုတ္အာဏာပိုင္ေတြက လံုးဝ သည္းညဥ္းမခံတဲ့ မူနဲ႔ ေရာဂါထိန္းခ်ဳပ္ေရးကို လုပ္ေဆာင္ေနပါတယ္။ တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းက ခရီးသြားေနရာတခုျဖစ္တဲ့ Gansu ျပည္နယ္မွာ ေရာဂါ ကူးစက္မႈအသစ္ ထပ္ေတြ႔ခဲ့လို႔ ဒါကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ၾကဳိးစားေနပါတယ္။

Mongolia ‌ေဒသအတြင္းပိုင္းမွာလည္း ေရာဂါကူးစက္မႈရွိလို႔ ေဒသခံေတြ အိမ္မွာပဲေနၾကဖို႔ အမိန္႔ထုတ္ထားပါတယ္။ တႏိုင္ငံလံုးအတိုင္းအတာနဲ႔ဆိုရင္ ၿပီးခဲ့တဲ့ ၂၄ နာရီအတြက္း ေရာဂါကူးစက္မႈ ၃၅ ခု ရွိခဲ့တာပါ။ တ႐ုတ္ႏိုင္ငံမွာ Sinopharm နဲ႔ Sinovac ကာကြယ္ေဆးကို အမ်ားဆံုး သံုးတာျဖစ္ၿပီးလူဦးေရ သန္း ၁ ေထာင့္ေလးရာ ေနထိုင္ၿပီး အဲဒီထဲက သန္း ၁ ေထာင္ေက်ာ္ထိုးၿပီးၿပီ ျဖစ္ပါတယ္။

ဒီလို ကိုဗစ္ကပ္ေရာဂါ တားဆီးေရးမွာ တမာၻလံုး အတိုင္းအတာနဲ႔ဆိုရင္လက္ရွိ ေရာဂါတားဆီးေရး နည္းလမ္းေတြကို ေသခ်ာအသံုးမျပဳဘူးဆိုရင္ ဒီေရာဂါကပ္ေဘးႀကီး ဘယ္ေတာ့မွ ၿပီးေတာ့မွာ မဟုတ္ဘူးလို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ ၫႊန္ၾကားေရးမွဴးခ်ဳပ္က ေျပာသြားပါတယ္။ စက္မႈထိပ္သီး ႏိုင္ငံ ၂၀ အပါအဝင္ ကာကြယ္ေဆး ၄၀% ထိုးၿပီးတဲ့ ႏိုင္ငံေတြအေနနဲ႔ ကာကြယ္ေဆးကို အာဖရိကတိုက္ႏိုင္ငံေတြအတြက္ ဦးစားေပးေပးဖို႔ဂ်ာမနီႏိုင္ငံမွာ က်င္းပတဲ့ ကမာၻ႔က်န္းမာေရးထိပ္သီးညီလာခံမွာ ေျပာသြားတာပါ။

Johns Hopkins တကၠသိ္ုလ္ coronavirus အရင္းအျမစ္ဌာနက စာရင္းအရ တနလၤာေန႔ အေစာပိုင္းအထိ ကိုဗစ္ကူးစက္သူ ၂၄၃.၇ သန္း ရွိၿပီျဖစ္ၿပီး ေသဆံုးသူေပါင္း ၅ သန္းနီးပါးရွိပါတယ္။ လက္ရွိမွာ ကာကြယ္ေဆး အလံုးေပါင္း သန္း ၇ ေထာင္ ထိုးေပးၿပီး ျဖစ္ပါတယ္။

===========

{{Unicode}}}

တရုတ်မှာ အသက် ၃ နှစ်ကစလို့ ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်


တရုတ်နိုင်ငံက ပြည်နယ်တော်တော်များများမှာ အသက် ၃ နှစ်ကလေး က စပြီး ကိုဗစ်ကာကွယ်ဆေးထိုးတော့မယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ တရုတ်နိုင်ငံမှာ လူဦးရေစုစုပေါင်းရဲ့ ၇၆ ရာခိုင်နှုန်း ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးပြီဖြစ်ပြီး ရောဂါကူးစက်မှုနဲ့ပတ်သက်လို့ တရုတ်အာဏာပိုင်တွေက လုံးဝ သည်းညဉ်းမခံတဲ့ မူနဲ့ ရောဂါထိန်းချုပ်ရေးကို လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ခရီးသွားနေရာတခုဖြစ်တဲ့ Gansu ပြည်နယ်မှာ ရောဂါ ကူးစက်မှုအသစ် ထပ်တွေ့ခဲ့လို့ ဒါကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
Mongolia ‌ဒေသအတွင်းပိုင်းမှာလည်း ရောဂါကူးစက်မှုရှိလို့ ဒေသခံတွေ အိမ်မှာပဲနေကြဖို့ အမိန့်ထုတ်ထားပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ပြီးခဲ့တဲ့ ၂၄ နာရီအတွက်း ရောဂါကူးစက်မှု ၃၅ ခု ရှိခဲ့တာပါ။ တရုတ်နိုင်ငံမှာ Sinopharm နဲ့ Sinovac ကာကွယ်ဆေးကို အများဆုံး သုံးတာဖြစ်ပြီးလူဦးရေ သန်း ၁ ထောင့်လေးရာ နေထိုင်ပြီး အဲဒီထဲက သန်း ၁ ထောင်ကျော်ထိုးပြီးပြီ ဖြစ်ပါတယ်။

ဒီလို ကိုဗစ်ကပ်ရောဂါ တားဆီးရေးမှာ တမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်လက်ရှိ ရောဂါတားဆီးရေး နည်းလမ်းတွေကို သေချာအသုံးမပြုဘူးဆိုရင် ဒီရောဂါကပ်ဘေးကြီး ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောသွားပါတယ်။ စက်မှုထိပ်သီး နိုင်ငံ ၂၀ အပါအဝင် ကာကွယ်ဆေး ၄၀% ထိုးပြီးတဲ့ နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးကို အာဖရိကတိုက်နိုင်ငံတွေအတွက် ဦးစားပေးပေးဖို့ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးထိပ်သီးညီလာခံမှာ ပြောသွားတာပါ။

Johns Hopkins တက္ကသိုလ် coronavirus အရင်းအမြစ်ဌာနက စာရင်းအရ တနင်္လာနေ့ အစောပိုင်းအထိ ကိုဗစ်ကူးစက်သူ ၂၄၃.၇ သန်း ရှိပြီဖြစ်ပြီး သေဆုံးသူပေါင်း ၅ သန်းနီးပါးရှိပါတယ်။ လက်ရှိမှာ ကာကွယ်ဆေး အလုံးပေါင်း သန်း ၇ ထောင် ထိုးပေးပြီး ဖြစ်ပါတယ်။


#Covid19 #CovidVaccine #ChinaVaccine #VOABurmese

===========

XS
SM
MD
LG