သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cyber တိုက်ခိုက်မှု စွပ်စွဲချက် တရုတ်ပယ်ချ


အမေရိကန်ပြည်ထောင်စုထဲက ပစ်မှတ်တွေကို တရုတ်စစ်တပ်က အင်တာနက်ကနေ ထွင်းဖောက် တိုက်ခိုက်တာတွေ ရှိခဲ့ တယ်ဆိုတဲ့ အမေရိကန် အခြေစိုက် အင်တာနက် လုံခြုံရေးဆိုင်ရာ အဖွဲ့တဖွဲ့ရဲ့ စွပ်စွဲချက်ကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာန က ပယ်ချလိုက်ပါတယ်။

တရုတ်စစ်တပ်ဟာ ဆိုင်ဘာ တိုက်ခိုက်မှုတွေကို ဘယ်တုန်းကမှ အားမပေးဘူးလို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ တရုတ်ကာကွယ် ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ Mandiant အဖွဲ့က အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ အချက်အလက်တွေအပေါ် အခြေခံထားတာ မဟုတ်သလို နည်းပညာပိုင်း အထောက်အထားလည်း မပါဘူးလို့ ထုတ်ပြန်ချက် က ဆိုပါတယ်။

၂၀၀၆ ခုနှစ် ကတည်းကနေဆိုရင် အမေရိကန်နိုင်ငံက ပစ်မှတ် အများစုဖြစ်တဲ့ တိုက်ခိုက်မှုပေါင်း ၁၅၀ လောက်မှာ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ လျှို့ဝှက်အဖွဲ့တခု နောက်ကွယ်က ပတ်သက်နေတယ်ဆိုတာ သူတို့ရဲ့ စုံစမ်းစစ်ဆေး မှုကနေ တွေ့ခဲ့တယ်လို့ Mandiant အဖွဲ့က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ Apple ကွန်ပြူတာ ကုမ္ပဏီကို ကွန်ပြူတာ ဟက်ကာတွေက တိုက်ခိုက်တဲ့ သတင်းလည်း ထွက်လာပါတယ်။ သတင်း အချက်အလက်တွေ ခိုးယူခံရတယ်ဆိုတဲ့ အထောက်အထားမျိုးတော့ မတွေ့ရဘူးလို့ Apple ကုမ္ပဏီက ပြောပါတယ်။ အခု တိုက်ခိုက်တဲ့ ကွန်ပြူတာ ဗိုင်းရပ်စ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က Facebook ကို တိုက်ခိုက်ခဲ့တဲ့ ဗိုင်းရပ်စ်နဲ့ အတူတူပဲလို့ ပြောပါတယ်။
XS
SM
MD
LG