အကြမ်းဖက်မှုမဟုတ်တဲ့ စီးပွားရေးဆိုင်ရာ ရာဇ၀တ်ပြစ်မှုအတွက် သေဒဏ်ချမှတ် အပြစ်ပေးနေတာကို ပြင်ဆင်ရုပ်သိမ်းဖို့ တရုတ်ရဲ့ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။
တရုတ်အမျိုးသားလွှတ်တော်ရဲ့ အမြဲတမ်းကော်မတီက နှစ်လတခါပြုလုပ်တဲ့ ဒီကော်မတီရဲ့ အစည်းအဝေးမှာ ဒီကနေ့ အခုလို သေဒဏ်ချမှတ်အပြစ်ပေးမှု ဥပဒေကို ပြင်ဆင်ဖို့တင်သွင်းတာကို အတည်ပြုလိုက်ပါတယ်။
ဒါ့အပြင် တရားခွင်မှာ တရားစစ်ဆေးချိန် အသက် ၇၅ နှစ်နဲ့အထက် အသက်အရွယ်ကြီးရင့်သူ တရားခံတွေကို သေဒဏ်အပြစ်ပေးတာကိုလည်း ရုပ်သိမ်းဖို့ ထည့်သွင်းတောင်းဆိုထားပါတယ်။