သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ရေလက်ကြား ထိပ်တိုက်ဖြစ်မှု တရုတ်ကာကွယ်ရေးဝန်ကြီးခုခံပြောဆို


ရှန်ဂရီလာဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Li Shangfu၊ ဂျွန် ၃၊ ၂၀၂၃။
ရှန်ဂရီလာဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Li Shangfu၊ ဂျွန် ၃၊ ၂၀၂၃။

ထိုင်ဝမ်ရေလက်ကြားမှာ အမေရိကန်နဲ့ ကနေဒါစစ်သင်္ဘောတွေရဲ့ ပင်လယ်ပြင်အသွားအလာ လွှမ်းမိုးမှုကို ကာကွယ်ရပါမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးကပြောလိုက်ပါတယ်။ စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ ကာကွယ်ရေး ဝန်ကြီးများရဲ့ Shangri-La ဆွေးနွေးဝိုင်းမှာ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ကနေဒါရေတပ်စစ်သင်္ဘောတွေဟာ ထိုင်ဝမ်ရေလက်ကြားမှာ စနေနေ့က ပူးတွဲသွားလာခဲ့တာ ဖြစ်ပြီး တရုတ် စစ်သင်္ဘောက အမေရိကန်သင်္ဘောကို ၁၃၁ ကိုက်အကွာကနေ ခေါင်းတည်ကျော်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကို အန္တရာယ်များတဲ့လုပ်ရပ်အဖြစ် အမေရိကန် အင်ဒိုပစိဖိတ် စစ်ဌာနချုပ်ကပြောပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်ကိုခြားထားတဲ့ ထိုင်ဝမ်ရေလက်ကြားမှာ အပြစ်ကင်းကင်း သွားလာနေကြတာအတွက် တရုတ်က ပြဿနာမရှိကြောင်း၊ ဒါပေမဲ့အဲဒီလိုလွတ်လပ်စွာ အပြစ်ကင်းကင်းသွားလာနေကြတာကို အသုံးချပြီး ရေကြောင်းသွားလာရေး လွှမ်းမိုးဖို့ ကြိုးစားတာကိုတော့ ကာကွယ်ရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး Li Shangfu က ဆိုပါတယ်။

တရုတ်က အနိုင်ကျင့်တဲ့အခါ ဒါမှမဟုတ် အကျပ်ကိုင်တဲ့အခါ အမေရိကန်အနေနဲ့ နောက်တွန့်သွားမှာ မဟုတ်ဘဲ ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဆက်လက်ဖြတ်သန်းပျံသန်းနေဦးမှာ ဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က အဲဒီရှန်ဂရီလာလုံခြုံရေး စကားဝိုင်းမှာပဲ စနေနေ့ကပြောပါတယ်။ တရုတ်ကပြောသလို အဲဒီနေရာတွေဟာ တရုတ်ပိုင်နက်မဟုတ်ဘဲ နိုင်ငံတကာ ရေပြင်ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG