သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတိုက်လေယာဉ်တွေ တကြိမ်မက ဝင်ရောက်ခဲ့ကြောင်း တရုတ် ကာကွယ်ရေးဌာနပြော


菲律宾总统杜特尔特在北京人民大会堂会见中国人大委员长张德江(2016年10月20日)
菲律宾总统杜特尔特在北京人民大会堂会见中国人大委员长张德江(2016年10月20日)

မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေစဉ်အတွင်း မြန်မာဘက်က စစ်လေယာဉ်တွေ တရုတ်ပိုင်နက်ထဲကို
တကြိမ်မက ဝင်ရောက်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့ထဲကစလို့ မြန်မာစစ်လေယာဉ်တွေဟာ တရုတ်-မြန်မာနယ်စပ်ကနေ တရုတ်နိုင်ငံဘက်ထဲကို အကြိမ်ကြိမ် ပျံသန်းဝင်ရောက်လာခဲ့သလို မြန်မာစစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ ကျည်ဆံနဲ့ဗုံးဆံတချို့ဟာလည်း တရုတ်ပိုင်နက်ထဲကို ကျရောက်ခဲ့တာကြောင့် တရုတ်လူမျိုးတွေ သေဆုံး အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ကာကွယ်ရေးဌာန ပြောခွင့်ရသူ Geng Yanshen ရဲ့ ပြောကြားချက်ကို တရုတ်ကာကွယ်ရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သောကြာနေ့တုန်းက မြန်မာဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်လူမျိုး ၄ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့
တရုတ်ဗဟိုစစ်ဦးစီးကော်မရှင် ဒုတိယဥက္ကဋ္ဌ Fan Changlong ဟာလည်း မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို စနေနေ့က
အရေးပေါ် ဖုန်းနဲ့ဆက်သွယ်ပြီး ဒီကိစ္စကို အလေးအနက်ထား ဖြေရှင်းဖို့ ပြောကြားခဲ့ပါတယ်။

မြန်မာကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သူ့ရဲ့တပ်တွေကို ကြပ်ကြပ်မတ်မတ် ထိန်းချုပ်ပြီး နောက်ထပ် ဒါမျိုးမဖြစ်အောင်ကာကွယ်ဖို့ တရုတ်ဗဟိုစစ်ဦးစီး ကော်မရှင် ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဌာနရဲ့ Website ပေါ်မှာ ဖော်ပြထားပါတယ်။ နောင်ထပ်ဖြစ်လာရင် တရုတ် ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ပြတ်ပြတ်သားသား ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့လည်း Fan Changlong က ပြောကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ တရုတ်နဲ့အတူ စုံစမ်းစစ်ဆေးသွားပြီး သက်ဆိုင်သူတွေကို အရေးယူသွားမယ်လို့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဘက်ကလည်း တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ယူနန်ပြည်နယ်ထဲက ကြံခင်းကို ထိမှန်ခဲ့တဲ့ဗုံးဟာ မြန်မာ့တပ်မတော် တိုက်လေယာဉ်ကနေ ကြဲချခဲ့ ဗုံးမဟုတ်ပါဘူးလို့ မြန်မာအစိုးရဘက်က ငြင်းဆန်ထားပါတယ်။ ဒီအဖြစ်အပျက်ကို ပူးတွဲစုံစမ်းဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ တရုတ် မြန်မာနယ်စပ် တည်ငြိမ် လုံခြုံရေးကို စောင့်ရှောက်ကာကွယ်ဖို့ တရုတ်အစိုးရမှာ တာဝန်ရှိသလို ဆောင်ရွက်နိုင်စွမ်းလည်းရှိတယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang ကလည်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

မြန်မာဘက်ကလေကြောင်းတိုက်ခိုက်မှုမှာ တရုတ်လူမျိုးတွေ သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ အမြန်ဆုံး တာဝန်ယူဆောင်ရွက်ဖို့ တရုတ်ဘက်က မြန်မာအစိုးရနဲ့ စစ်တပ်ကို ပြောကြားထားတယ်လို့ နှစ်ပတ်လည်သတင်းစာရှင်းပွဲမှာ တရုတ်ဝန်ကြီးချုပ်က ခုလို ပြောကြားခဲ့ပါတယ်။

မြန်မာဘက်က ဖြေရှင်းချက်ပေးဖို့ တရုတ်နိုင်ငံခြားရေးဌာနနဲ့ တရုတ်ကာကွယ်ရေးဌာနတို့က တရားဝင် ပြတ်ပြတ်သားသား ပြောကြားထားပြီးပါပြီ။ ၂
နိုင်ငံကြားက နယ်စပ်ဒေသတွေရဲ့ လုံခြုံတည်ငြိမ်ရေးကို ကာကွယ်ဖို့၊ တရုတ်လူမျိုးတို့ရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ တရုတ်မှာ
တာဝန်ရှိသလို ကာကွယ်နိုင်စွမ်းလည်းရှိပါတယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က နှစ်ပတ်လည်သတင်းစာရှင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။

သောကြာနေ့က တရုတ်ပိုင်နက်အပေါ် ဗုံးထိမှန်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ယူနန်ပြည်နယ်အစိုးရ နိုင်ငံခြားရေးရာရုံး ဒုတိယညွှန်ကြားရေးမှုး Wang Wei
နဲ့ မြန်မာကောင်စစ်ဝန်ချုပ်တို့ တနင်္ဂနွေနေ့တုန်းက အရေးပေါ် ဆွေးနွေးခဲ့တယ်လို့ တရုတ်အစိုးရရဲ့ CCTV သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ယူနန်ပြည်နယ်အစိုးရက ကူညီဆောင်ရွက်ပေးနေပါတယ်။

XS
SM
MD
LG