သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် စစ်သုံးစရိတ် လျော့ချ


တရုတ်သမ္မတ နဲ့ တရုတ်တပ်မတော် ( မတ် ၁၊ ၂၀၁၆)
တရုတ်သမ္မတ နဲ့ တရုတ်တပ်မတော် ( မတ် ၁၊ ၂၀၁၆)

တရုတ်နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ကို နှစ်အတော်ကြာ ဆယ်ဂဏန်းထိ တိုးမြှင့် သုံးစွဲခဲ့ပြီးတဲ့နောက် ဒီနှစ်အတွက် ၇% ကနေ ၈% ထိ သုံးစွဲမယ် လို့ ကြေညာလိုက်ပါတယ်။ တရုတ် အမျိုးသား ပြည်သူ့ကွန်ဂရက် ပြောခွင့်ရက

“တောင်တရုတ်ပင်လယ်ထဲမှာ ဆောက်လုပ်ရေးတွေ တိုးချဲ့ဖို့ သိပ်ကို လိုအပ်ပါတယ်။ ဒါဟာ တရုတ်ပြည်သူအားလုံးက ထောက်ခံတဲ့ကိစ္စပါ။ ဒီကျွန်းတွေဟာ တရုတ်နိုင်ငံပိုင်ဖြစ်တယ်လို့ သူတို့ ကယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် ကိုယ်ပိုင် စွမ်းဆောင်နိုင်ရည် ရှိသင့်ပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဆိုင်ရာ ဆောက်လုပ်ရေးတွေလုပ်ဖို့ကိစ္စဟာ မဖြစ်မနေလုပ်ရမယ့်ကိစ္စပါ။” လို့ ပြည်သူ့ကွန်ဂရက် ပြောခွင့်ရ Fu Ying က မန်ဒရင်း ဘာသာစကားနဲ့ ပြောသွားတာပါ။

နှစ်ပတ်လည် လွှတ်တော်အစည်းအဝေးတွေ စတင်ပြီးတဲ့နောက် စနေနေ့မှာ ကိန်းဂဏန်း အတိအကျကို ထုတ်ပြန်သွားတယ်လို့ Fu Ying က သတင်းထောက်တွေကို ဒီကနေ့ပြောပါတယ်။ တောင်တရုတ်ပင်လယ်တွင်း နယ်မြေပိုင်ဆိုင်တယ်ဆိုတာကို တရုတ်နိုင်ငံက အခိုင်အမာ ပြောဆို လုပ်ဆောင်တာတွေ ရှိထားတာ နဲ့အမျှ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ကိုလည်း အများအပြား တိုးမြှင့် သုံးစွဲထားတာပါ။

XS
SM
MD
LG