သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားရေပိုင်နက်မှာ တရုတ်ရေတပ် ဆက်လက်စောင့်ကြပ်မည်


နယ်မြေအငြင်းပွားမှုတွေရှိနေတဲ့ Diaoyu ကျွန်းတွေအနီး တရုတ်ရေတပ်ကင်းလှည့်နေပုံ။ (ဧပြီလ ၂၃ ရက်၊ ၂၀၁၃)
နယ်မြေအငြင်းပွားမှုတွေရှိနေတဲ့ Diaoyu ကျွန်းတွေအနီး တရုတ်ရေတပ်ကင်းလှည့်နေပုံ။ (ဧပြီလ ၂၃ ရက်၊ ၂၀၁၃)
အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာ အငြင်းပွားနေတဲ့ကြား ကပဲ တရုတ်အစိုးရက သူပိုင်ဆိုင်ကြောင်း ကြေညာထားတဲ့ ရေပြင်ပိုင်နက် နယ်မြေတွေထဲမှာ စစ်သင်္ဘောတွေနဲ့ ဆက်ပြီး ကင်းလှည့်မှာဖြစ်တယ်လို့ အကြီးတန်း တရုတ်စစ်ဗိုလ်ချုပ်ကြီးက ပြောဆိုလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ Shangri-La Dialogue နှစ်ပတ်လည် လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲ့ လက်ထောက်အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး Qi Jianguo က အခုလိုပြောကြား လိုက်တာပါ။ အရှေ့ တရုတ်ပင်လယ်ပြင်နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့ဟာ တရုတ်အစိုးရရဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်တဲ့ နယ်မြေတွေလို့ လည်း ပြောကြားခဲ့ပါတယ်။

တရုတ်စစ်သင်္ဘောတွေနဲ့ ကင်းလှည့်လည်တာတွေဟာ တရားဝင်ပြီး ဒါကို အငြင်းပွားနေစရာမလိုဘူးလို့လည်း Qi က တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ဒီပင်လယ်ပြင် နှစ်ခုထဲမှာရှိတဲ့ သဘာဝသယံဇာတ ကြွယ်ဝတဲ့ ကျွန်းတွေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနဲ့ မလေးရှားနိုင်ငံတွေနဲ့ အငြင်းပွားနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG