သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ငလျင် အနည်းဆုံး လူ၆၀ သေဆုံး


တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ငလျင် ဆက်တိုက် လှုပ်ခဲ့လို့ အနည်းဆုံး လူ၆၀ ယောက် သေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့ကြပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ငလျင် ဆက်တိုက် လှုပ်ခဲ့လို့ အနည်းဆုံး လူ၆၀ ယောက် သေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့ကြပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ငလျင် ဆက်တိုက် လှုပ်ခဲ့တာမှာ အနည်းဆုံး လူ၆၀ ယောက် သေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့ကြ တယ်လို့ တရုတ်အစိုးရ သတင်းက ဖော်ပြထားပါတယ်။ ယူနန် နဲ့ ဂူအီကျုံး (Guizhou) နယ်တွေမှာ ဒီကနေ့ ၅.၇ ပြင်းအားရှိတဲ့ ငလျင်ကြီး လှုပ်ခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့တာကြောင့် အဲဒီ ဒေသတွေက အိမ်ခြေ ၄ သောင်း ထိခိုက် ပျက်ဆီးခဲ့တယ်လို့ အစိုးရပိုင် Xinhua သတင်းအေဂျင်စီက ဆိုပါတယ်။

အနည်းဆုံး နောက်ဆက်တွဲ ငလျင်ပေါင်း ၁၆ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ငလျင်ဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ Yiliang မြို့မှာ အုတ်ခဲ အကျိုးအပဲ့ အပိုင်းအစတွေ ပြန့်ကျဲနေတဲ့ လမ်းမတွေပေါ်မှာ လူတွေ ထောင်နဲ့ချီ စုရုံးနေကြတဲ့ပုံတွေကို ရုပ်မြင်သံကြားကနေ ပြသခဲ့ပါတယ်။ လူပေါင်း တစ်သိန်းကျော်အတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရတဲ့ ယူနန်ဒေသကို အရေးပေါ် အကူအညီတွေ ပေးပို့နေတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အခု လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းဆုံးအား ၅.၇ အထိ ရှိပြီး မြေအောက် ၆ မိုင်ကျော် လောက်ကနေ လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး စစ်တမ်းတခုက ဆိုပါတယ်။
XS
SM
MD
LG