သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွား ကျွန်းအနီး ဂျပန် တိုက်လေယာဉ်တွေစေလွှတ်


တရုတ်နိုင်ငံက ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေး လေယာဉ်တစင်း ပျံသန်းနေတာကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ရိုက်ကူးထားသည့် မှတ်တမ်းပုံ။
တရုတ်နိုင်ငံက ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေး လေယာဉ်တစင်း ပျံသန်းနေတာကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ရိုက်ကူးထားသည့် မှတ်တမ်းပုံ။
ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ပြင်တွင်း ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တဲ့နောက် တရုတ်နိုင်ငံက အရေးပေါ် တပ်လှန့်ထားကြောင်း ပြောဆိုလိုက်ပါတယ်။ အချေအတင် ဖြစ်နေရတဲ့ ကျွန်းစုတွေ ရှိရာအနီး တရုတ်နိုင်ငံက ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေး လေယာဉ်တစင်း ပျံသန်းနေတာကို သိရတဲ့အတွက် F-15 တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တာလို့ ဂျပန်နိုင်ငံက သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အေါ်မှာတော့ တရုတ်နိုင်ငံက အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်တဲ့ အကြောင်းကိုတော့ အင်္ဂါနေ့မှာပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေး လေယာဉ်ကတော့ လုပ်ရိုးလုပ်စဉ် ကင်းထောက်တာသာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဂျပန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေကတော့ တရုတ်နိုင်ငံရဲ့ ပင်လယ်ပြင်ဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရေးဌာနက Y-12 အမျိုးအစား လေယာဉ်ကို အငြင်းပွားနေတဲ့ ကျွန်းစုတွေရဲ့ မြောက်ဖက် မိုင် ၆၀ ကျော်လောက်မှာ တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်နေချိန်မှာပဲ တရုတ်ထောက်လှမ်းရေးလေယာဉ် ဒေသတွင်းက ပြန်ထွက် သွားခဲ့တယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံက Senkaku လို့ခေါ်ပြီး တရုတ်နိုင်ငံက Diaoyu လို့ခေါ်တဲ့ ကျွန်းတွေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အတွက်လည်း တရုတ်နဲ့ ဂျပန် ၂ နိုင်ငံကြား တင်းမာမှုတွေ ကြီးထွားနေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG