သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားဖွံ့ဖြိုးမှု နှေးကွေး


ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံး တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ၁၉၉၁ ခုနှစ် ကစလို့ အနိမ့်ဆုံးနှုန်းနဲ့ နှေးကွေးသွားခဲ့ပါတယ်။ ဒါဟာ တစိတ်တပိုင်းအားဖြင့် ကုန်သွယ်မှုမှာ အားနည်းလာမှုတွေကြောင့် ဖြစ်ပါတယ်။

နိုင်ငံတော် စာရင်းအင်းဌာနက တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ဒီနှစ် ပထမသုံးလပတ်မှာ ၇ ဒဿမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ဇွန်လမှာပြီးဆုံးတဲ့ ဒုတိယ သုံးလပတ်မှာတော့ ၇ ဒဿမ ၅ ရာခိုင်နှုန်းကို ရောက်သွားတဲ့အကြောင်း ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရေး စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ သုံးလပတ်ပေါင်း ၅ ကြိမ်ဆက်တိုက် ၈ ရာခိုင်နှုန်းအောက်ကို ရောက်သွားခဲ့တာကြောင့် စီးပွားရေး နှေးကွေးလာနေ တယ် ဆိုတာကို ထင်ရှားစေတယ်လို့ HIS Global Insight အဖွဲ့က စီးပွားရေး ပညာရှင် Ren Xianfang က ပြောပါတယ်။

ခုလို စီးပွားရေး နှေးကွေးရတာဟာ ပြည်ပမှာ ဆုတ်ယုတ်လာနေတဲ့ စီးပွားရေး အခြေအနေတွေကြောင့် ဖြစ်သလို၊ အစိုးရသစ် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်း လဲမှုတွေဟာလည်း ရေရှည် စီးပွားရေးကို အကျိုးဖြစ်နိုင်ပေမဲ့လို့ လတ်တလော မှာတော့ စီးပွားရေးကို နှောင့်နှေးရတဲ့ အကြောင်းရင်းတခု ဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

စီးပွားရေးမူဝါဒတွေ ပြောင်းလဲဆောင်ရွက်တာ၊ ဒါမှမဟုတ် စီးပွားရေး တက်လာစေမယ့် တခြား လုပ်ဆောင်မှုတွေ ဘယ်လို လုပ်သွားမလဲ ဆိုတာတွေကိုတော့ တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

စီးပွားရေး နှေးကွေးလာမှုနဲ့အတူ တရုတ်နိုင်ငံတွင်း ဝယ်လိုအား ကျဆင်းမှုကနေ ကမ္ဘာလုံးဆိုင်ရာ ဂယက်ရိုက်မှုတွေလည်း ရှိလာနိုင်ပါတယ်။
XS
SM
MD
LG