တရုတ်နိုင်ငံရဲ့ ၂၀၁၃ ခုနှစ် နောက်ဆုံးလေးလပတ်မှာ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးခဲ့တယ်လို့ တရုတ်အစိုးရက ကြေညာလိုက်ပြီး ဒီထက်ထပ်ပြီး တိုးတက်မှု နှေးကွေးစရာရှိတယ်လို့ ဆိုပါတယ်။
၂၀၁၃ ခုနှစ် တနှစ်လုံးအတွက် တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂၀၁၂ ခုနှစ်မှာတုန်းကလိုပဲ ၇ ဒဿမ ၇ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ တရုတ်အမျိုးသား စာရင်းအင်းဌာနက တနင်္လာနေ့မှာ ပြောကြားလိုက်ပြီး ဒါဟာ ၁၉၉၉ ခုနှစ်ကစလို့ အနိမ့်ဆုံး တိုးတက်မှုလည်း ဖြစ်ပါတယ်။
စက်ရုံ ထုတ်ကုန်ပစ္စည်းတွေ၊ ပြည်ပပို့ကုန်တွေနဲ့ တရားဝင် ရင်းနှီးမြုပ်နှံမှု စတာတွေမှာ ၂၀၁၃ ခုနှစ် တတိယ ၃ လပတ်ထက်ရင် စတုတ္ထ ၃ လပတ်အတွင်း စီးပွားရေး ဖွံ့ဖြိုးမှု အနှေးဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြဿနာတွေ စုပြုံ ဖြစ်ပေါ်နေတာ လျော့ကျမသွားသေးတဲ့အပြင် စီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရက ငွေကြေးစိုက်ထုတ် လုပ်ဆောင်နေတာတွေလည်း မနှစ်က တဖြည်းဖြည်းနဲ့ လျော့ကျလာခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ ဒုတိယအင်အားအကြီးဆုံး စီးပွားနိုင်ငံဖြစ်တဲ့ တရုတ်စီးပွားရေးဟာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ ဥရောပတိုက်တို့ထက်စာရင် အားကောင်းနေဆဲ ဖြစ်ပါတယ်။