သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှယ်ယာဈေး ကျဆင်းမှုကြောင့် တရုတ် စတော့ ဈေးကွက် ပိတ်


တရုတ်နိုင်ငံ ဘေဂျင်းမြို့က စတော့ဈေးကွက်( ဇန်နဝါရီ ၄၊ ၂၀၁၆)
တရုတ်နိုင်ငံ ဘေဂျင်းမြို့က စတော့ဈေးကွက်( ဇန်နဝါရီ ၄၊ ၂၀၁၆)

တရုတ်နိုင်ငံ ရှန်ဟိုင်းနဲ့ ရှန်ဇန်းမြို့တွေက အစုရှယ်ယာဈေးကွက်တွေကို ပိတ် လိုက်ရပါတယ်။ တရုတ်အစုဈေးကွက်တွေမှာ ဈေးမတည်မငြိမ်ဖြစ်တာကို ကာကွယ်နိုင်ဖို့ စနစ်သစ်ကို စတင်ကျင့်သုံးတဲ့ ဒီကနေ့မှာပဲ အစုရှယ်ယာဈေး
၇ ရာခိုင်နှုန်း အထိ ထိုးကျ သွားခဲ့တဲ့အတွက် အရောင်းအဝယ်တွေကို ရပ်ဆိုင်းလိုက်တာပါ။

အာရှငွေကြေး ကျဆင်းမှုကြောင့် ဥရောပငွေကြေးဈေးကွက်လည်း စဖွင့်ချိန် ကတည်းက ဈေးကျဆင်းနေပြီး ဂျာမနီစတော့ဈေးကွက် DAX မှာ အစုရှယ်ယာဈေးတွေ ၄ ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့သလို၊ လန်ဒန် FTSE ဈေးကွက် မှာလည်း ၂ ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေး ဒုတိယ အင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု သိသိသာသာကျဆင်းသွားတဲ့ ကိန်းဂဏန်းတွေနဲ့ အရှေ့အလယ်ပိုင်းမှာ မတည်မငြိမ်ဖြစ်နေတာကြောင့် ခုလို တရုတ်က အစုရှယ်ယာဈေးတွေ ထိုးကျသွားခဲ့တာပါ။

ဂျပန် Nikei လည်း ၃ ရာခိုင်နှုန်းအထိကျဆင်းပြီး ဟောင်ကောင် Hang Seng လည်း ၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားသလို အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေ၊ ဆော်ဒီအားရေးဘီးယားနဲ့ အီရန်အကြား တင်းမာမှုတွေ ရှိလာတာကြောင့် ဒီကနေ့မှာ ရေနံဈေးတက်လာပါတယ်။

XS
SM
MD
LG