သုံးရလွယ်ကူစေသည့် Link များ

တရုတ်ဖွံ့ဖြိုးမှု နှေးသော်လည်း ခိုင်မာဆဲ


တရုတ်ဖွံ့ဖြိုးမှု နှေးသော်လည်း ခိုင်မာဆဲ
တရုတ်ဖွံ့ဖြိုးမှု နှေးသော်လည်း ခိုင်မာဆဲ

တရုတ်နိုင်ငံရဲ့ ကျယ်လောင်တဲ့ စီးပွားရေး တိုးတက်မှု အသံဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက မြင့်တက်လာတဲ့ ငွေကြေး ဖောင်းပွမှုနှုန်းကြောင့် အရှိန်ကျလာတယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ နှစ်စဉ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၃ လအတွက် ၉.၆% ထိ တိုးတက်ခဲ့တယ်လို့ တရုတ်အစိုးရက ဖော်ပြခဲ့ပါတယ်။ ဒီတိုးတက်နှုန်းဟာ ပြီးခဲ့တဲ့ ၄ လပတ်ထက် ၁၀% ပိုမြင့်ပြီး ဒီနှစ် အစောပိုင်းကထက်လည်း မြင့်မားခဲ့ပါတယ်။

ဇွန်လက ကျင်းပခဲ့တဲ့ G-20 ထိပ်သီးစည်းဝေးပွဲ အပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ဖိတ်ကြားချက်ကြောင့် လာမယ့် ဇန်နဝါရီလမှာ ပြုလုပ်မယ့် တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ရဲ့ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုလေးနက်ပြီး ခရီးရောက်စေမယ့် အကျိုးသက်ရောက်မှု ရစေလိမ့်မယ်လို့ ယုံကြည်ကြောင်း တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။

ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ဘေဂျင်းခရီးစဉ် အတွင်းမှာ အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါ (Eric Holder) က တရုတ်သမ္မတရဲ့ ဝါရှင်တန် ခရီးစဉ်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

တိကျတဲ့ရက်ကို မပြောနိုင်သေးပေမဲ့ နှစ်နိုင်ငံ အစိုးရတွေဟာ အဲဒီခရီးစဉ်အတွက် အနီးကပ် ဆက်သွယ် ညှိနှိုင်းမှုတွေ လုပ်နေကြောင်း တရုတ် နိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့် ရှိသူက အတည်ပြု ပြောဆိုခဲ့ပါတယ်။

တရုတ်၊ အမေရိကန် နှစ်နိုင်ငံစလုံးက ကိစ္စရပ် တော်တော်များများမှာ တိုးတက်မှု ရရှိအောင် ဆောင်ရွက်ကြမယ်လို့ အဲရစ် ဟိုလ်ဒါက ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG