သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားရေး ၆.၅ % တိုးဖို့လုပ်ဆောင်မည်


မတ်လ ၅ရက်နေ့က မဟာပြည်သူ့ ခန်းမဆောင်တွင် ပြုလုပ်သော နိုင်ငံတော် ပြည်သူ့ ကွန်ဂရက် ညီလာခံတွင် တရုတ်ခေါင်းဆောင် Li Keqiang (လယ်) ကို တွေ့ရစဉ်။ ဓါတ်ပုံ (AP/Ng Han Guan)
မတ်လ ၅ရက်နေ့က မဟာပြည်သူ့ ခန်းမဆောင်တွင် ပြုလုပ်သော နိုင်ငံတော် ပြည်သူ့ ကွန်ဂရက် ညီလာခံတွင် တရုတ်ခေါင်းဆောင် Li Keqiang (လယ်) ကို တွေ့ရစဉ်။ ဓါတ်ပုံ (AP/Ng Han Guan)

ကမ္ဘာပေါ်မှာ ဒုတိယ အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးကို အခုနှစ်မှာ အနည်းဆုံး ၆.၅ ရာခိုင်နှုန်း တိုးတက်အောင် အထောက်အကူဖြစ်မယ်လို့ယုံကြည်ရတဲ့ လုပ်ဆောင်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်မယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အခုနှစ်မှာ တကမ္ဘာလုံး စီးပွားရေး တိုးတက်မှု နှေးကွေးနေတာနဲ့ အချို့ လုပ်ငန်းနယ်ပယ်တွေမှာ အလုပ်အကိုင် အရေအတွက် လျှော့ချမှုတွေ အကြီးအကျယ်လုပ်ရဖို့ ရှိနေတာပါ။

စနေနေ့က တရုတ်ခေါင်းဆောင် Li Keqiang က အရေးကြီးတဲ့ အစိုးရ အစီရင်ခံစာ တစ်စောင်ကို တင်ပြရာမှာ နိုင်ငံဂျီဒီပီကို ၆.၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ တိုးတက်ဖို့ကို စီးပွားရေး တိုးတက်မှု ရည်မှန်းချက်အဖြစ် သတ်မှတ်ထား တာကို ကြေငြာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်က တရုတ်နိုင်ငံဟာ ၇ရာခိုင်နှုန်း တိုးတက်ဖို့ ရည်မှန်းထားပြီး၊ ၂၅နှစ် အတွင်း စီးပွားရေးတိုးနှုန်း အနှေးကွေးဆုံးဖြစ်ခဲ့ပေမယ့် ၆.၉ ရာနှုန်း တိုးတက်မှု ရခဲ့ပါတယ်။

လီဟာ လက်ရှိ စီးပွားရေး နှေးကွေးမှု ဖြစ်ပေါ်နေတဲ့အတွက် နိုင်ငံရေးအရ ပစ်တင်ဝေဖန်ခံရတာမျိုး ခံရနိုင်ခြေရှိတဲ့အတွက် မျှော်လင့်ချက် ကြီးကြီး ထားတာမျိုး မဖြစ်အောင် ပြောခဲ့တာဖြစ်ပုံရတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

XS
SM
MD
LG