သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွား ဖွံ့ဖြိုးမှု နှေးကွေး


တရုတ်နိုင်ငံရဲ့ စီးပွားရေး အလွန်အကျွံ ဖောင်းပွလာမှာကို တားဆီးတဲ့ အနေနဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်လာတာနဲ့အမျှ ဒီနှစ်ရဲ့ ဒုတိယ ဘဏ္ဍာရေး ၃ လပတ်မှာ စီးပွားရေး ဖွံ့ဖြိုးမှုတွေ နှေးကွေးလာခဲ့ပါတယ်။

ဒီနှစ် ဧပြီလကနေ ဇွန်လအတွင်း ပျမ်းမျှ လူတဦးချင်း ကုန်ထုတ်လုပ်မှု ပမာဏဟာ ၁၀.၃% ရှိခဲ့ကြောင်း တရုတ်အမျိုးသား စာရင်းအင်းဌာနက ပြောဆိုခဲ့တာပါ။ ဒါဟာဆိုရင် ပထမ ၃ လပတ်က ဖွံ့ဖြိုးမှုပမာဏ ၁၁.၉% ရှိနေရာကနေ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာနဲ့အ၀န်း စီးပွားရေး ကျဆင်းမှုတွေကြားက ကမ္ဘာပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးမှု တတိယ အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့နှစ်ထဲမှာ စီးပွားရေး ပြန်လည်နိုးထစေရေး ဒေါ်လာ ၅၈၆ ဘီလီယံ အကုန်အကျခံ သုံးစွဲခဲ့သလို ဘဏ်တွေက ငွေတွေကို ပိုပြီး ချေးငှားတာလို အစီအမံတွေနဲ့ စီးပွားရေးကို ပဲ့ကိုင် ထိန်းကြောင်းခဲ့တာပါ။

မူဝါဒ ချမှတ်သူတွေ စိုးရိမ်နေကြသလို ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာနိုင်တဲ့ နိုင်ငံရဲ့ စီးပွားရေး အလျှင်အမြန် ကြီးထွားမှုကို အခုလို ဖွံ့ဖြိုးမှု ကျဆင်းရတာက တားဆီးနိုင်မှာ ဖြစ်တာမို့ ဒါဟာ သင့်တော်တဲ့ကိစ္စ ဖြစ်ပါတယ်လို့ တရုတ်အမျိုးသား စာရင်းအင်းဌာန ပြောခွင့်ရသူက ဘေဂျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG