သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၂၀၃၀ မွာ တ႐ုတ္စီးပြားေရး အေမရိကန္ေက်ာ္မယ္လို႔ခန႔္မွန္း


CHINA-ECONOMY-GDP.

[[Zawgyi/Unicode]]

တ႐ုတ္ျပည္ရဲ႕စီးပြါးေရးဟာ နည္းပညာ၊ အဆင့္ျမင့္နည္းပညာ ဖြံ႔ၿဖိဳးတိုးတက္မႈနဲ႔ ျပည္တြင္းစားသုံးမႈေတြ အေပၚမွာ ပို အားထားလာေနၿပီး ၂၀၃၀ မွာ ကမာၻ႔အႀကီးဆုံးစီးပြါးေရး ျဖစ္လာဖို႔ ဦးတည္ေနတယ္လို႔ မူဝါဒ ေလ့လာေရးအဖြဲ႔ေတြက ခန႔္မွန္းလိုက္ၾကပါတယ္။

တ႐ုတ္ရဲ႕ GDP ဟာ ၂၀၂၅ အထိ ၅.၇ % ၊ အဲဒီေနာက္ ၂၀၃၀ အထိ ၄.၇ % နဲ႔ ႏွစ္စဥ္ တိုးတက္သြားလိမ့္မယ္လို႔ ၿဗိတိန္ စီးပြါးေရးနဲ႔ စီးပြါးေရးလုပ္ငန္းမ်ား ေလ့လာေရးဌာန Centre for Economics and Business Research (CEBR) က ခန႔္မွန္းလိုက္ပါတယ္။ေလာေလာဆယ္ ကမာၻမွာ ဒုတိယ အႀကီးမားဆုံး စီးပြါးေရးႏိုင္ငံ တ႐ုတ္ဟာ အေမရိကန္ရဲ႕ ပထမေနရာကို ၂၀၃၀ မွာ ယူသြားလိ့မ္မယ္လို႔လည္း ေဟာကိန္းထုတ္ထားပါတယ္။

ႏိုင္ငံေတာ္က စီးပြါးေရးလုပ္ငန္းေတြမွာ ပို ရင္းႏွီးျမႇဳပ္ႏွံလာမွာျဖစ္သလို ရွီက်င္းပင္လက္ထက္မွာ မူဝါဒ ေဇာင္းေပးလာခဲ့တဲ့အတိုင္း ႏိုင္ငံေတာ္ရဲ႕အခန္းက႑ ပို ႀကီးမားလာမွာ ျဖစ္တယ္လို႔ Atlantic Council မူဝါဒေလ့လာေရးအဖြဲ႔က ေျပာပါတယ္။

နည္းပညာပိုင္းကိုလည္း မူဝါဒပိုင္းအရ အေလးထားလာတာနဲ႔အမွ် တ႐ုတ္ဟာ သူမ်ားကို နည္းပညာသေဘာအရ အားကိုးဖို႔မလိုဘဲ ကိုယ့္နည္းပညာနဲ႔ကိုယ္ လုံေလာက္တဲ့အေနအထားကို ရရွိလာမွာ ျဖစ္တယ္လို႔ ရွန္ဟိုင္းအေျခစိုက္ Kapronasia ေငြေၾကးဆိုင္ရာသုေတသန အတိုင္ပင္ခံအဖြဲ႔ရဲ႕ ၫႊန္ၾကားေရးမႉး Kapron က ဆိုပါတယ္။

ကမာၻ႔အႀကီးမားဆုံးစီးပြါးေရးႏိုင္ငံျဖစ္လာတဲ့အခါ ႏိုင္ငံတကာေရးရာေတြမွာ တ႐ုတ္ဟာ ပိုမို ၾသဇာႀကီးမားလာႏိုင္ပါတယ္လို႔ CEBR အဖြဲ႔က McWilliamsက ဗြီအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======

[[Unicode]]

၂၀၃၀ မှာ တရုတ်စီးပွားရေး အမေရိကန်ကျော်မယ်လို့ခန့်မှန်း

တရုတ်ပြည်ရဲ့စီးပွါးရေးဟာ နည်းပညာ၊ အဆင့်မြင့်နည်းပညာ ဖွံဖြိုးတိုးတက်မှုနဲ့ ပြည်တွင်းစားသုံးမှုတွေ အပေါ်မှာ ပို အားထားလာနေပြီး ၂၀၃၀ မှာ ကမ္ဘာ့အကြီးဆုံးစီးပွါးရေး ဖြစ်လာဖို့ ဦးတည်နေတယ်လို့ မူဝါဒ လေ့လာရေးအဖွဲ့တွေက ခန့်မှန်းလိုက်ကြပါတယ်။

တရုတ်ရဲ့ GDP ဟာ ၂၀၂၅ အထိ ၅.၇ % ၊ အဲဒီနောက် ၂၀၃၀ အထိ ၄.၇ % နဲ့ နှစ်စဉ် တိုးတက်သွားလိမ့်မယ်လို့ ဗြိတိန် စီးပွါးရေးနဲ့ စီးပွါးရေးလုပ်ငန်းများ လေ့လာရေးဌာန Centre for Economics and Business Research (CEBR) က ခန့်မှန်းလိုက်ပါတယ်။လောလောဆယ် ကမ္ဘာမှာ ဒုတိယ အကြီးမားဆုံး စီးပွါးရေးနိုင်ငံ တရုတ်ဟာ အမေရိကန်ရဲ့ ပထမနေရာကို ၂၀၃၀ မှာ ယူသွားလိ့မ်မယ်လို့လည်း ဟောကိန်းထုတ်ထားပါတယ်။

နိုင်ငံတော်က စီးပွါးရေးလုပ်ငန်းတွေမှာ ပို ရင်းနှီးမြှုပ်နှံလာမှာဖြစ်သလို ရှီကျင်းပင်လက်ထက်မှာ မူဝါဒ ဇောင်းပေးလာခဲ့တဲ့အတိုင်း နိုင်ငံတော်ရဲ့အခန်းကဏ္ဍ ပို ကြီးမားလာမှာ ဖြစ်တယ်လို့ Atlantic Council မူဝါဒလေ့လာရေးအဖွဲ့က ပြောပါတယ်။

နည်းပညာပိုင်းကိုလည်း မူဝါဒပိုင်းအရ အလေးထားလာတာနဲ့အမျှ တရုတ်ဟာ သူများကို နည်းပညာသဘောအရ အားကိုးဖို့မလိုဘဲ ကိုယ့်နည်းပညာနဲ့ကိုယ် လုံလောက်တဲ့အနေအထားကို ရရှိလာမှာ ဖြစ်တယ်လို့ ရှန်ဟိုင်းအခြေစိုက် Kapronasia ငွေကြေးဆိုင်ရာသုတေသန အတိုင်ပင်ခံအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Kapron က ဆိုပါတယ်။

ကမ္ဘာ့အကြီးမားဆုံးစီးပွါးရေးနိုင်ငံဖြစ်လာတဲ့အခါ နိုင်ငံတကာရေးရာတွေမှာ တရုတ်ဟာ ပိုမို သြဇာကြီးမားလာနိုင်ပါတယ်လို့ CEBR အဖွဲ့က McWilliamsက ဗွီအိုအေကို ပြောပါတယ်။

#ChinaEconomy #China #VOABurmese #American #Economy #အမေရိကန် #တရုတ် #စီးပွါးရေးပထမနိုင်ငံ #၂၀၃၀ #ဗွီအိုအေ

=======

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG