သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားရေး နှေးကွေးတာတောင် ၇.၄ ရာခိုင်နှုန်းဖွံ့ဖြိုး


အခုနှစ် ပထမ ၃ လပတ်အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၇ ဒဿမ ၄ ရာခိုင်နှုန်းရှိခဲ့တဲ့အတွက် ဒါဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားနိုင်ငံကြီးအတွက် ၁၈ လအတွင်း တိုးတက်မှုနှုန်း အနှေးကွေးဆုံး ဖြစ်ပါတယ်။

ဒီနှုန်းဟာ စီးပွားရေးပညာရှင်တွေ မျှော်မှန်းထားတာထက် ပိုနေပါတယ်။ ဒါပေမဲ့ မနှစ် ၂၀၁၃ ခုနှစ်ရဲ့ နောက်ဆုံး ၃ လပတ် တိုးတက်မှုနှုန်း ၇ ဒဿမ ၇ ရာခိုင်နှုန်းကနေ ဆက်ပြီး လျော့ကျသွားတာ ဖြစ်ပါတယ်။

ပြည်တွင်း ဝယ်ယူသုံးစွဲမှုနှုန်းကို အခြေခံတဲ့ ရေရှည်တည်တန့်တဲ့ စီးပွားရေးဘက်ကို တဖြည်းဖြည်းချင်း ပြောင်းလဲ လုပ်ဆောင်လာနေတဲ့ ကာလဖြစ်တာကြောင့် ၂၀၁၄ ခုနှစ် တနှစ်လုံးအတွက် တိုးတက်မှုနှုန်း ၇ ဒဿမ ၅ ရာခိုင်နှုန်းသာ ရှိမယ်လို့ တရုတ်အစိုးရက ခန့်မှန်းထားတာပါ။

စီးပွားရေးကို နိုးထလာအောင် ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့မရှိဘူးလို့ ဝန်ကြီးချုပ် Li Keqiang က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ပြောပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း တကမ္ဘာလုံး စီးပွားရေး ကျဆင်းခဲ့ရတာကြောင့် အခုလို ဖြစ်ရတယ်လို့ တရုတ်ခေါင်းဆောင်တွေဘက်က လက်ခံထားကြပါတယ်။
XS
SM
MD
LG