သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ထိပ်တန်းခေါင်းဆောင် မိသားစုဓန ပြည်ပမှာ လျှို့ဝှက်အပ်နှံ


သမ္မတ Xi Jinping အပါအဝင် တရုတ်နိုင်ငံက ထိပ်တန်းခေါင်းဆောင်နဲ့ နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေဟာ သူတို့ရဲ့ ဧရာမ ချမ်းသာကြွယ်ဝမှုတွေကို ဖုန်းကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြည်ပနိုင်ငံတွေမှာ ကုမ္ပဏီတွေ တည်ထောင်ထားကြတယ်လို့ အမေရိကန်အခြေစိုက် သတင်းထောက်တွေ ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုမှာ ဖော်ပြထားပါတယ်။

ပြည်ပတိုင်းပြည်တွေက စီးပွားရေးလုပ်ငန်းတွေ၊ ယုံကြည် အပ်နှံထားမှုတွေရဲ့ မူလပိုင်ရှင်တွေ အမည်စာရင်းကို ဖော်ပြထားတဲ့ လျှို့ဝှက် ထွက်လာတဲ့ စာရွက် စာတမ်းပေါင်း ၂ သန်းခွဲကနေ ရရှိတဲ့ အချက်အလက်တွေအရ အဲဒီလို သိရှိခဲ့ရခြင်း ဖြစ်တယ်လို့ နိုင်ငံတကာ စုံစမ်းထောက်လှမ်းတဲ့ သတင်းထောက်များအဖွဲ့ ICIJ က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သမ္မတ Xi Jinping ရဲ့ ယောက်ဖနဲ့ အရင် ဝန်ကြီးချုပ်ဟောင်း Wen Jiabao ရဲ့သားတို့လည်း အဲဒီ စာရင်းထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ သမ္မတဟောင်း Hu Jintao၊ ဝန်ကြီးချုပ်ဟောင်း Li Pen နဲ့ ကွယ်လွန်သူ တရုတ်ခေါင်းဆောင်ဟောင်း Deng Xiaoping တို့ရဲ့ ဆွေမျိုးသားချင်းတွေ ပြည်ပနိုင်ငံတွေမှာ ဦးပိုင် စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ထားတဲ့ စာရင်းလဲ ပါဝင်တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ICIJ ရဲ့ အင်တာနက် ဝဘ်ဆိုက်ကို တက်ကြည့်လို့မရအောင် တရုတ်အစိုးရက ပိတ်ပင် ကန့်သတ်ထားလိုက်တာကလွဲလို့ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ အစိုးရဘက်က တရားဝင် တုံ့ပြန် ပြောဆိုတာမျိုး မရှိပါဘူး။
XS
SM
MD
LG