သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေး တရုတ်ဦးစားပေးမည်


ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တရုတ်ဝန်ကြီး Zhou Shengxian သတင်းထောက်တွေနှင့် တွေ့ဆုံစဉ်
ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တရုတ်ဝန်ကြီး Zhou Shengxian သတင်းထောက်တွေနှင့် တွေ့ဆုံစဉ်
အမြတ်အစွန်းနဲ့ ဖွံ့ဖြိုးရေးကိုသာ အဓိကထားတဲ့ နေ့ရက်တွေဟာ တရုတ်နိုင်ငံမှာ ဆုံးခန်းတိုင်တော့မှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တရုတ်ဝန်ကြီးက အနာဂတ် စက်မှုလုပ်ငန်း စီမံကိန်းတွေ အားလုံးအတွက် ခွင့်ပြုချက် ရယူတာမှာ လူမှု တည်ငြိမ်ရေးကို ဘယ်အတိုင်းအတာထိ ထိခိုက်နိုင်တယ်ဆိုတာ လေ့လာဆန်းစစ်ချက် တင်ပြဖို့ လိုအပ်မယ်လို့ တနလာၤနေ့က ပြောကြားလိုက်ပါတယ်။

အခုလို သဘောထား ပြောင်းလဲလာရတာဟာ အဲဒီလို စီမံကိန်းကြီးတွေရဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှု ပြသနာတွေ ကြီးထွားလာမှာကို ပိုပြီး စိုးရိမ်နေရတဲ့ အတွက် ဖြစ်တယ်လို့ ဝန်ကြီး
Zhou Shengxian က သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။ ဒီစိုးရိမ်မှုတွေဟာ သဘာဝ
ကျပြီး လူ့အဖွဲ့အစည်းတခု ဖွံ့ဖြိုးမှု ရှိလာပြီဆိုရင် ကိုယ့်နိုင်ငံ နယ်နိမိတ်ကို ကျော်လွန်ပြီး
ဖြစ်တတ်တဲ့ ပြဿနာ လို့လည်း သူက ဆိုပါတယ်။

ဝန်ကြီး ဇူ ဟာ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်မှု အဖွဲ့သစ်ကို ရွေးချယ်မယ့် ၁၈ ကြိမ်မြောက် ပါတီညီလာခံမှာ အလွတ်သဘော ဝေဖန် ပြောကြားသွားတာ ဖြစ်ပါတယ်။ အခု တရုတ်နိုင်ငံရဲ့
လက်ရှိ အခြေအနေမှာ ဒီလို စက်မှု စီမံကိန်းတွေ အတွက် ကြီးမားတဲ့ လူထု ဆန့်ကျင်မှုတွေနဲ့
ဆက်တိုက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ ပြီးခဲ့တဲ့ လက
ပြုလုပ်ခဲ့တဲ့ တရုတ်ပြည် အရှေ့ပိုင်း နင်ဘို မြို့ လောင်စာဆီ စက်ရုံ တိုးချဲ့ တည်ဆောက်မှုကို ထောင်ပေါင်းများစွာသော ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG