သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ထိပ်တန်း အကြီးအကဲဟောင်းကို တသက်တကျွန်း အပြစ်ပေး


တရုတ်နိုင်ငံ လုံခြုံရေးဆိုင်ရာအကြီးအကဲဟောင်း Zhou Yongkang။
တရုတ်နိုင်ငံ လုံခြုံရေးဆိုင်ရာအကြီးအကဲဟောင်း Zhou Yongkang။

တရုတ်နိုင်ငံ လုံခြုံရေးဆိုင်ရာအကြီးအကဲဟောင်း Zhou Yongkang ကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် တသက်တကျွန်းချလိုက်ပါတယ်။ ဒါဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်မှုတွေထဲမှာ အာဏာအရှိဆုံး အရာရှိကြီးတဦးကို အရေးယူလိုက်တာလို့ တရုတ်အစိုးရ ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။

အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ Zhou က သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံပြီး အယူခံ ဝင်မှာလည်း မဟုတ်ကြောင်း ဒီကနေ့ထုတ် ဆင်ဟွာ သတင်းမှာ ဖေါ်ပြပါတယ်။ သူ့အမှုကို တရုတ်နိုင်ငံမြောက်ပိုင်း Tianjin မြို့မှာ လျှို့ဝှက် တံခါးပိတ် စစ်ဆေးခဲ့တာပါ။

သူ့ကို အာဏာ အလွဲသုံးစား လုပ်မှု၊ နိုင်ငံ့လျှို့ဝှက်ချက် ပေါက်ကြားစေမှု၊ လာဒ်ယူမှုတွေနဲ့ ပြီးခဲ့တဲ့ လထဲမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ ကြာသပတေးနေ့ အခုလို သတင်းမှာ မကြေညာခင်အထိ သူ့အမှုကို ဘယ်နေရာမှာ ဘယ်နေ့ စစ်ဆေးမယ် ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။

Tianjin မြူနီစပယ် တရားရုံး အမှတ် ၁ ကနေ သူ့ကို တသက်တာ နိုင်ငံရေးလုပ်ခွင့် ပိတ်လိုက်တဲ့အပြင် သူ့ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ထိန်းချုပ်လိုက်တယ်လို့ ဆင်ဟွာသတင်း မှာ ဖြစ်စဉ် အကျဉ်းကို အင်္ဂလိပ်ဘာသာနဲ့ ဖေါ်ပြထားပါတယ်။ Zhou ကို အခုလို အပြစ်ပေးလိုက်တာဟာ နှစ်ပေါင်း ၃၀ ကျော်ကာလ အတွင်း ကွန်မြူနစ်ပါတီက ထိပ်တန်းရာထူးရထားတဲ့ တရုတ်အရာရှိတဦးကို အရေးယူခဲ့တာ ဖြစ်ပါတယ်။

တချိန်က ရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းရဲ့ အကြီးအကဲတာဝန် ထမ်းဆောင်ရင်း သြဇာတဖြေးဖြေး ကြီးလာတာနဲ့အမျှ ကြွယ်ဝလာတဲ့ Zhou ဟာ တရုတ်နိုင်ငံမှာ အာဏာအရှိဆုံး ပေါလစ်ဗျူရိုရဲ့အဖွဲ့ဝင်တဦး ဖြစ်လာခဲ့တာပါ။

XS
SM
MD
LG