တရုတ် ကွန်မြူနစ် ပါတီ ရဲ့ အုပ်ချုပ်မှု အောက်ကနေ ထွက်ပြေးကြတဲ့ ဟောင်ကောင်သားတွေ အတွက် ထိုင်ဝမ် ဟာ မကြာမီနှစ်တွေ အတွင်း မှာ လူကြိုက်များတဲ့ နေရာတစ်နေရာ ဖြစ်လာပါတယ်။ ယခင် ဗြိတိသျှ ကိုလိုနီ ဟောင်ကောင် က ထွက်ပေးလာကြသူတွေ ကို ထောက်ခံပါတယ်လို့ ထိုင်ဝမ် အစိုးရ က ပြောပါတယ်။ ဒါပေမဲ့ ထိုင်ဝမ် မှာ ဒုက္ခသည် ဆိုင်ရာ ဥပဒေ မရှိသေးတဲ့အတွက် သူတို့ ရဲ့ အနာဂတ် က မရေရာလှပါဘူး။ ဗွီအိုအေ သတင်းထောက် Joyce Huang ပေးပို့ထားတဲ့ သတင်း ကို ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။