သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ငြိမ်းချမ်းရေး တရုတ် အမြန်ဆုံးမျှော်လင့်

  • ဗွီအိုအေ (မြန်မာဌာန)

တရုတ်သမ္မတ Xi Jinping (ယာ) မြန်မာသမ္မတ ဦးသိန်းစိန် (ဝဲ) တို့ ဘေဂျင်းမှာ တွေ့ဆုံကြစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၄)

တရုတ်နိုင်ငံမှာကျင်းပမဲ့ အာရှ Pacific ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံတက်ရောက်ဖို့
ဘေဂျင်းမြို့တော်မှာ ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု အမြန်ဆုံးရရှိဖို့ မျှော်လင့်တဲ့အကြောင်း တရုတ်သမ္မတ ရှီက အလေးအထားပြောခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းဌာနကပြောပါတယ်။ နယ်စပ်ဒေသတည်ငြိမ်
သာယာရေးအတွက်ကို တရုတ်ဘက်ကလည်း မြန်မာအစိုးရနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းလည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

ပိုးလမ်းမကြီးလို့ တင်စားတဲ့ စီးပွားရေးလမ်းကြောင်းဖောက်နိုင်ရေးနဲ့ ရေကြောင်းအရလည်း ၂၁ ရာစု ပိုးလမ်းမကြီး ဖောက်နိုင်ဖို့ ၂ နိုင်ကြား တိုးမြှင့် ဆောင်ရွက်သင့်တဲ့အကြောင်း တရုတ်သမ္မတရှီကျင်းပင်က သမ္မတဦးသိန်းစိန်ကို ပြောကြားခဲ့ပါတယ်။ မြန်မာနဲ့ မဟာဗြူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအတွက်ကို တရုတ်က ခိုင်ခိုင်မာမာ
ရှေ့တိုး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရုတ်သမ္မရဲ့ အပြောကို CCTV သတင်းက ဖော်ပြပါတယ်။

မြန်မာသမ္မတဦးသိန်းစိန်ကလည်း ၂ နိုင်ငံ လက်ရှိအာဏာရပါတီတွေကြား အဆက်အဆံတိုးမြှင့်ဖို့၊ ၂ နိုင်ငံ အုပ်ချုပ်ရေးရာနဲ့ ပတ်သက်လို့ အပြန်အလှန်အမြင်ဖလှယ်ကြဖို့နဲ့ ပြည်သူတွေ အချင်းချင်းကြား ပူးပေါင်း ဆောင်ရွက်မှုနဲ့ ယဉ်ကျေးမှု တိုးမြှင့်ဖလှယ်ကြဖို့အတွက်ကို အသင့်ပါပဲလို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

APEC ထိပ်သီးညီလာခံကို နက်ဖြန် နိုဝင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပြီး အဲဒီကျရင်တော့ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုံတခု သတ်မှတ်နိုင်ရေးနဲ့ အဂတိလိုက်စားမှု ပပျောက်ရေးအစပြုဆောင်ရွက်မှုတွေအတွက်ကို အာရှ Pacific ဒေသ ခေါင်းဆောင်တွေကြားမှာ အဓိကထားဆွေးနွေးကြမှာ ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG