သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လေကြောင်း မြန်မာ-ထိုင်း ခရီးစဉ်တိုးချဲ့

တရုတ်နိုင်ငံမှ ခရီးသည်တင်ဂျက်လေယာဉ်တစင်း (မေ ၅၊၂၀၁၇)
တရုတ်နိုင်ငံမှ ခရီးသည်တင်ဂျက်လေယာဉ်တစင်း (မေ ၅၊၂၀၁၇)

တရုတ်နဲ့ အပြန်အလှန် ဆက်ဆံရေးတွေ တိုးမြှင့်လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ပြီး တရုတ်နိုင်ငံက မြို့ကြီး ၂ မြို့က မြန်မာနဲ့ ထိုင်းနိုင်ငံတို့ကို တိုက်ရိုက် လေကြောင်းလိုင်းတွေ ဇန်နဝါရီ ၁၁ ရက်၊ သောကြာနေ့က စပြီး ပြေးဆွဲနေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ Chongqing မြို့ကနေ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ကို Sichuan လေကြောင်းလိုင်းက သောကြာနေ့မှာ စတင် ပြေးဆွဲပါတယ်။ အသွား၊ အပြန် ခရီးစဉ်တွေကို တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ တပတ်ကို ၃ စီ အသွားအပြန် ပြေးဆွဲမှာ ဖြစ်ပါတယ်။ မန္တလေးနဲ့ Chongqing အကြားက တိုက်ရိုက် လေယာဉ်ပျံသန်းချိန်ဟာ ၂ နာရီခွဲကြာမှာဖြစ်ပြီး ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ တခြား နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေကို အပြန်အလှန် ဖလှယ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူပဲ တရုတ်နိုင်ငံက ပုဂ္ဂလိက လေကြောင်းလိုင်းတခုဖြစ်တဲ့ 9 Air က တရုတ်နိုင်ငံ၊ Guizhou ခရိုင်မြို့တော် Guiyang ကနေ ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ ဖူးခက်အပန်းဖြေမြို့ကို သောကြာနေ့မှာ စတင် ပျံသန်းပါတယ်။

Guiyang နိုင်ငံတကာ လေဆိပ်ကနေ ဖူးခက်မြို့ကို ဗုဒ္ဓဟူး၊ သောကြာနဲ့ တနင်္ဂနွေနေ့တွေမှာ ပျံသန်းမှာဖြစ်ပြီး ဖူးခက်ကနေ Guiyang လေဆိပ်ကိုတော့ တနင်္လာ၊ ကြာသပတေးနဲ့ စနေနေ့တွေမှာ ပျံသန်းမှာ ဖြစ်ပါတယ်။

please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်


This item is part of
XS
SM
MD
LG