သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပေါက်ကွဲဂိုဒေါင်မှာ Sodium Cyanide တွေ သိုလှောင်ခဲ့


တရုတ်နိုင်ငံ Tianjin မြို့က အကြီးအကျယ် ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဂိုဒေါင်ကြီးထဲမှာ အန္တရာယ်ရှိတဲ့ sodium cyanide ဓာတုပစ္စည်းတွေ သိုလှောင်ထားခဲ့တယ်ဆိုတာကို တရုတ်အစိုးရက အတည်ပြုခဲ့ပါတယ်။

ပေါက်ကွဲခဲ့တဲ့ နေရာတဝိုက် နေရာ ၂ နေရာမှာ sodium cyanide တန်ချိန် ၁၀၀ ကျော်ကို သိုလှောင်ထားခဲ့တာ ဖြစ်တယ်လို့ တရုတ်စစ်တပ် ဘေဂျင်းစစ်ဒေသဆိုင်ရာ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Shi Luze က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ညက ပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက်ဟာလည်း ၁၁၂ ယောက်ရှိသွားပြီလို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီထဲမှာ မီးသတ် ၂၁ ယောက် ထက်မနည်း ပါတယ်လို့ အစိုးရသတင်းမီဒီယာတွေမှာ ဖော်ပြကြပါ။

ပျောက်ဆုံးနေသူ ၁၀၀ နီးပါးရှိပြီး ၈၅ ယောက်က မီးသတ်သမားတွေ ဖြစ်ကြပါတယ်။ ပေါက်ကွဲမှုကြီးတွေဖြစ်ခဲ့တဲ့ စက်မှုဇုန်ထဲမှာ နေထိုင်ကြသူတွေကို မဖြစ်မနေ ရွှေ့ပြောင်းဖို့ တရုတ်အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။ ဒေသခံတွေဘက်ကလဲ သူတို့ရဲ့ သောက်ရေ သုံးရေတွေထဲမှာ အဆိပ်သင့် ဓာတုပစ္စည်းတွေ ပျော်ဝင်နေမှာကို စိုးရိမ်နေကြပါတယ်။

Greenpeace သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖဲ့ွကြီးကတော့ အဲဒီနားတဝိုက် နေရာတော်တော်များများက ရေတွေကို စစ်ဆေးခဲ့တာမှာ အဆိပ်သင့်စေတဲ့ cyanide ဓာတ် အများကြီး ပျော်ဝင်နေတာ မတေ့ွရဘူးလို့ တနင်္ဂနွေနေ့က

ပြောပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရအနေနဲ့ လေထဲ ရေထဲတွေမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ဘယ်လောက်ရောက်နေသလဲဆိုတာကို အပြည့်အစုံ စုံစမ်းစစ်ဆေးပြီး အများပြည်သူကို အသိပေးသင့်တယ်လို့ Greenpeace က ပြောပါတယ်။

XS
SM
MD
LG