သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံတောင်ပိုင်း ဈေးမီးလောင်မှု ၁၆ ဦးသေ


တရုတ်နိုင်ငံတောင်ပိုင်း Shenzhen မြို့အတွင်းက ဈေးမှာ ဗုဒ္ဓဟူးနေ့က မီးလောင်မှု ဖြစ်သွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအရာရှိတွေက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဒေသထွက်ပစ္စည်းတွေ ရောင်းချတဲ့ Rongjian ဈေးမီးလောင်ထားတဲ့ အပျက်အစီးတွေထဲက မီးသတ်သမားတွေက နောက်ထပ် အလောင်းတလောင်း ထပ်မံ တွေ့ရှိခဲ့တဲ့အတွက် သေဆုံးသူ စုစုပေါင်း ၁၆ ဦး ဖြစ်သွားတာလို့ တရုတ်အစိုးရ သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။ သေဆုံးသူ အားလုံးဟာ ဈေးထဲက ဆိုင်ခန်း ၄ ခုထဲမှာ တွေ့ရှိတာလို့ မြို့နယ် မီးသတ်ဌာန ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်ရုပ်မြင်သံကြား သတင်းဌာနကို ပြောပါတယ်။

ဧရိယာ မီတာ တစ်ထောင် ပတ်လည်လောက်ရှိတဲ့နေရာကို မီးသတ်သမားတွေက ၂ နာရီလောက်ကြာမှ ငြိမ်းသတ်လိုက်နိုင်တယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြထားပါတယ်။ မီးလောင်မှုအတွင်း ဒဏ်ရာရခဲ့သူ ၅ ဦးကိုတော့ ဆေးရုံမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG