သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ထိပ်တန်း သံတမန် တဦး အရေးယူခံရ


 တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Zhang Kunsheng
တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Zhang Kunsheng

တရုတ်နိုင်ငံက လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Zhang Kunsheng ကို ရာထူးကနေ ဖယ်ရှားပစ်ခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ နိုင်ငံတွင်း စည်းကမ်းချိုးဖေါက်မှုအတွက် စုံစမ်း စစ်ဆေးမှုတွေပြုလုပ်နေချိန်မှာပဲ ထိပ်တန်းသံတမန် တဦးကို ခုလို ရာထူးကနေ ထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။

သောကြာနေ့မှာ ထုတ်ပြန်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ဟာ စာကြောင်း တကြောင်းထဲ ပါဝင်ပြီး လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးကို ဘာ့ကြောင့် ရာထူးကနေ ဖယ်ရှားခဲ့တယ်ဆိုကိုတော့ရှင်းပြမထားပါဘူး။

Zhang ဟာ တရုတ်သမ္မတ Xi Jinping ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်တဲ့ စစ်ဆင်ရေးမှာ အရေးယူခံရတဲ့ ပထမဆုံး ထိပ်တန်း သံတမန်တဦး ဖြစ်ပါတယ်။ စည်းကမ်းချိုးဖေါက်မှုလို့ တရုတ်အာဏာပိုင်တွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေတဲ့ စကားဟာ အဂတိလိုက်စားမှု ကို ရည်ညွှန်းသုံးစွဲတာ ဖြစ်ပါတယ်။

XS
SM
MD
LG