သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရေလွှမ်းမိုးမှု သေဆုံးသူ ၁၃၀ ကျော်ပြီ

တရုတ်နိုင်ငံ တောင်ပိုင်းတလျှောက် မိုးတွေ အဆက်မပြတ်ရွာပြီး ရေကြီးနေတာကြောင့် လူ ၁၃၂ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ၈၆ ယောက်လောက် ပျောက်ဆုံးနေတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့ကတည်းက မိုးအပြင်းအထန် ရွာတာကြောင့် တရုတ်နိုင်ငံက ဒုတိယအကြီးဆုံး ပုလဲမြစ် အပါအဝင် မြစ်အများအပြားမှာ ရေလျှံခဲ့ပါတယ်။ ပြင်းထန်တဲ့ မုန်တိုင်းတွေ တိုက်ခတ်တာကြောင့် ရေကာတာတွေ ကျိုးပေါက်ခဲ့ပြီး တရုတ် တောင်ပိုင်းတလျှောက် အိုးအိမ် အဆောက်အဦးတွေ ပျက်စီးခဲ့ပါတယ်။

သောကြာနေ့ကတည်းကဆိုရင် ဖူကျန်းပြည်နယ်က လူ ၈၀၀,၀၀၀ ကျော်ကို ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ပြောပါတယ်။ အစောပိုင်း သတင်းတွေထဲမှာ မြစ်ကမ်းပါးတွေနဲ့ မြေနိမ့်ဒေသတွေမှာ နေထိုင်ကြသူ ၁,၀၀၀,၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

မုန်တိုင်းမိုးတွေ ဒီကနေ့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့ နှောင်းပိုင်းအထိ ဆက်ပြီး ရွာနေဦးမယ်လို့ တရုတ် မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတိပေးထားပါတယ်။

This item is part of
XS
SM
MD
LG