တရုတ်နိုင်ငံဟာ ဆယ်စုနှစ်တစ်စုအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတိုင်း ပိုဆိုးနိုင်တဲ့ ရေလွှမ်းမိုးမှုနဲ့ သဘာဝ ဘေးအန္တရာယ်တွေအတွက် ပြင်ဆင်ထားကြဖို့ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင် က ဆော်သြ လိုက်ပါတယ်။
သူ့ဆော်သြချက်ကို နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက စနေနေ့က ဖေါ်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ရေလွှမ်းမိုးမှု ထိန်းချုပ်ကာကွယ်ရေး ကြိုးပမ်းအားထုတ်မှုတွေဟာ အရေးကြီးးတဲ့အဆင့်ကို ရောက်နေပြီလို့ တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်ရဲ့ အဆိုကိုသတင်းမှာ ကိုးကား ထားပါတယ်။
ယန်ဇီမြစ်က စိုးရိမ်ရေမှတ် စံချိန်သစ်တင်တော့မယ့် အမှတ်နားအထိ ရောက်နေချိန်မှာ မိုးလေ၀သဌာန က မိုး ပိုကြီး နိုင်တယ်လို့ ဟောကိန်း ထုတ်ပြန်ထားပါတယ်။
ကမ္ဘားသုံးသွယ် ရေကာတာကြီးမှာ ရေက အမြင့်ဆုံး အမှတ် ၁၇၅ မီတာရောက်ဖို့ ၁၇ မီတာပဲလိုတော့တယ်လို့ အစိုးရက ပြောပါတယ်။ ဒီ ဆည်ကြီးက ယန်ဇီမြစ်ရေ မလျှံအောင် ထိန်းပေးပါတယ်။
မိုးကြီးခဲ့တာကြောင့် ရေကြီး မြေပြိုခဲ့တဲ့အတွက် လူ ၇၀၀ သေဆုံးခဲ့ပြီး ၃၀၀ ကျော် ပျောက်ဆုံးခဲ့ရပါတယ်။
ဒီဘေးအန္တရာယ်ကြောင့် စီးပွားရေးအားဖြင့် ဒေါ်လာ သန်းပေါင်း ၂၁ ဘီလီယံ ဆုံးရှုံးပြီး၊ အိုးအိမ်ပေါင်း ၆ သိန်း ၄ သောင်း ၅ ထောင် ဆုံးရှုံးခဲ့ကြရပါတယ်။