သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံမှာ အလုပ်ကြမ်းစခန်းတွေ မပိတ်သေး


တရုတ်နိုင်ငံ အလုပ်သမားစခန်းမှာ မူးယစ်ဆေးစွဲသူရဲ့ အရေပြားအပူချိန်ကို တိုင်းဖို့ လျှပ်စစ်စီးအားသုံး တိုင်းတာစက်ဖြင့် စစ်ဆေးနေပုံ။
တရုတ်နိုင်ငံ အလုပ်သမားစခန်းမှာ မူးယစ်ဆေးစွဲသူရဲ့ အရေပြားအပူချိန်ကို တိုင်းဖို့ လျှပ်စစ်စီးအားသုံး တိုင်းတာစက်ဖြင့် စစ်ဆေးနေပုံ။
တရုတ်နိုင်ငံမှာရှိတဲ့ စိတ်ဓာတ်ပြန်လည်ပြုပြင်ရေးလုပ်ပေးစခန်းတွေကို အဆုံးသတ် ပိတ်သိမ်းတော့ မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရထံကနေ ညွှန်ကြားချက်တစုံတရာမလာတဲ့အတွက် အဲဒီစခန်းတွေကို ဆက်လက်လည်ပတ်နေဆဲပဲလို့ ပြည်နယ်အစိုးရအရာရှိ တွေက ပြောပါတယ်။

အစိုးရပိုင်ဖြစ်တဲ့ Global Times သတင်းမှာ အနည်းဆုံးပြည်နယ် ၆ ခုက အာဏာပိုင်တွေ ရဲ့ပြောဆိုချက်တွေကို ကိုးကားပြီးပြောဆို ထားပါတယ်။

အရင်တပတ်အတွင်း ပေါလစ်ဗျူရိုအဖွဲ့ဝင် မင်ဂျန်ဇူးပြောတဲ့ အချက်ကို ကိုးကားဖော်ပြခဲ့ရာမှာ ဆယ်စုနှစ်နဲ့ ချီကြာမြင့်ပြီဖြစ်တဲ့ အဲဒီစခန်းတွေကို ဒီနှစ်ကုန်ပိုင်းမှာ ရပ်ဆိုင်းတော့မယ်လို့ အစိုးရသတင်းမီဒီယာမှာ ပါရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီသတင်းတွေကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီ ပြန်လည်ပြုပြင်ရေးလုပ်အားပေးစခန်းတွေဟာ နိုင်ငံတကာ စံနှုန်းနဲ့မကိုက်ညီဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကာလကြာရှည် ဝေဖန်ပြောဆိုခဲ့တာပါ။ တရုတ်အစိုးရကလည်း အဲဒီစံနစ်ကို ပြောင်းလဲဖို့ နှစ်ပေါင်းများစွာ စဉ်းစား ဆွေးနွေးခဲ့ပါတယ်။

ပြည့်တန်ဆာ၊မူးယစ်ဆေးသုံးစွဲသူနဲ့ အသေးစားရာဇဝတ်မှုကျူးလွန်သူတွေအပေါ် အာဏာပိုင်တွေ ကနေပြီး တရားရုံးမတင်ဘဲ ၄ နှစ်အထိ အဲဒီစခမ်းတွေမှာ ထိမ်းချုပ်လေ့ရှိပါတယ်။ အတိုက်အခံတွေ ဘက်ကတော့ အဲဒီစခန်းတွေဟာ အစိုးရအပေါ် ဝေဖန်သူတွေ၊ နိုင်ငံစွန့်ခွာထွက်ပြေးသူတွေကို အဲဒီစခန်းတွေမှာ ဖမ်းဆီးချုပ်နှောင်ပြီး ညှင်းပန်း နှိပ်စက်တယ်လို့ ပြောဆိုပါတယ်။

ဥပဒေပညာရှင်တွေကတော့ အစိုးရက အဲဒီစခန်းတွေကို ပြန်လည် ပညာပေးလုပ်အားပေးတဲ့စံနစ် ကနေ ပညာပေးပြုပြင်တဲ့စံနစ်ကို ပြောင်းလဲ ကျင့်သုံးနိုင်ခြေရှိတယ်လို့ သုံးသပ်ကြပါတယ်။

Global Times သတင်းစာမှာ ပြည်နယ် ၄ ခုမှာ အဲဒီစံနစ်ကို စံပြအဖြစ် ပြောင်းလဲ ကျင့်သုံးနေပြီ လို့ ဖော်ပြထားပြီး အဲဒီအစီအစဉ်ဟာ တရားခံတွေ တရားရုံး ရင်ဆိုင်ရာမှာ ပိုမိုချောမွေ့စေတယ်လို့ ပါရှိပါတယ်။
XS
SM
MD
LG