တရုတ်နိုင်ငံခြားရေးဝန်ကြီး နဲ့ အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီးတို့ဟာ နယ်စပ်တင်းမာမှုလျှော့ချဖို့နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွတ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီး Sushma Swaraj နဲ့ New Delhi မြို့တော်မှာ ဒီကနေ့ ၃ နာရီကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။ ၂ နိုင်ငံကြား စီးပွားရေးဆက်ဆံရေးက နေရမယ့် မတို့မထိရသေးတဲ့ အကျိုးအမြတ်တွေ အများကြီး ရှိတယ်ဆိုတာ ၂ ဖက်လုံးက သဘောတူခဲ့ကြတယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။
သူတို့ ၂ ဦးရဲ့တွေ့ဆုံမှုဟာ အိန္ဒိယနိုင်ငံမှာ အရင်လက ဝန်ကြီးချုပ်သစ် Narendra Modi တက်လာပြီးကတည်းက ၂ နိုင်ငံကြား အဆင့်မြင့်အရာရှိတွေရဲ့ ပထမဆုံး အစည်းအဝေးဖြစ်ပါတယ်။ မစ္စတာ Wang ဟာ အင်္ဂါနေ့မှာ အိန္ဒိယ ဝန်ကြီးချုပ် Mr. Modi နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ဒီနှစ်အတွင်းမှာ သူတို့ ၂ နိုင်ငံကြား အဆင့်မြင့် ဆွေးနွေးပွဲတွေ အများအပြားပြုလုပ်သွားဖို့စီစဉ်ထားတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောသွားပါတယ်။ ဒီထဲမှာတော့ တရုတ်ဝန်ကြီးချုပ် အိန္ဒိယနိုင်ငံကို လာရောက်မယ့် ခရီးစဉ်လည်းပါဝင်ပါတယ်ရှင်။