သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် နိုင်ငံခြားရေးဝါဒ အခြေခံ ကျယ်ပြန့်လာ


တရုတ် နိုင်ငံခြားရေးဝါဒ အခြေခံ ကျယ်ပြန့်လာ
တရုတ် နိုင်ငံခြားရေးဝါဒ အခြေခံ ကျယ်ပြန့်လာ

တရုတ်နိုင်ငံရဲ့ သမားရိုးကျ အာဏာရှိပြီးသား အဖွဲ့တွေရဲ့ ပြင်ပမှာရှိတဲ့ အင်အားစုသစ်တွေဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီကို ပိုမို ပုံဖော်လာနေပြီလို့ ဆွီဒင် အကြံပေးအဖွဲ့တခုက ကောက်ချက် ချလိုက်ပါတယ်။

ဆွီဒင်အစိုးရက ထောက်ပံ့ပေးထားတဲ့ စီပရီလို့ခေါ်တဲ့ အဖွဲ့ကြီးက ပြောတာကတော့ တရုတ်အစိုးရက ထိန်းချုပ်မှုတွေ ဆက်လုပ်နေပေမဲ့လည်း တရုတ် လူ့အသိုင်းအဝိုင်းထဲမှာ ကြီးမား ကျယ်ပြန့်လာတဲ့ မတူညီမှုတွေနဲ့ နိုင်ငံတကာနဲ့ တိုးမြင့်လာတဲ့ အဆက်အသွယ်တွေကြောင့် တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီ လုပ်ရာမှာ သြဇာကြီးတဲ့ အင်အားစုသစ်တွေ ပေါ်လာနေပြီလို့ ဆိုပါတယ်။

စီပရီအဖွဲ့ဟာ နိုင်ငံတကာ ပဋိပက္ခတွေနဲ့ လက်နက်ထိန်းချုပ်ရေး ကိစ္စတွေမှာ အာရုံစိုက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီအဖွဲ့က ပြောတာက သြဇာရှိလာတဲ့ အဖွဲ့သစ်တွေထဲမှာ အထူးသဖြင့် စွမ်းအင်ကုမ္ပဏီတွေလို နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းကြီးတွေ၊ ဒေသဆိုင်ရာ အစိုးရတွေ၊ သုတေသန သမားတွေနဲ့ တရုတ်အစိုးရ ခေါင်းဆောင်တွေ မကြာခဏ ဆိုသလို အလေးပေး စဉ်းစားရတဲ့ သတင်းမီဒီယာတွေ ပါတယ်လို့ ဆိုပါတယ်။

ဒီအကြံပေးအဖွဲ့က သူ့ရဲ့ သုတေသန လုပ်ငန်းတွေထဲက တွေ့ရှိချက်ထဲမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီကို အခုလို မတူကွဲပြားတဲ့ သြဇာအာဏာ အင်အားစုတွေက ပုံဖော်နေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG