သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ် ပြီးဆုံးရေး တရုတ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်


Chinese Foreign minister Wang Yi (R) and French Foreign minister Catherine Colonna attend the 6th China-France high-level dialogue on people-to-people exchange at Peking University in Beijing on November 24, 2023.
Chinese Foreign minister Wang Yi (R) and French Foreign minister Catherine Colonna attend the 6th China-France high-level dialogue on people-to-people exchange at Peking University in Beijing on November 24, 2023.

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonna က ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးမှာ တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။ တရုတ်ရဲ့ ယူကရိန်း ငြိမ်းချမ်းရေး အဆိုပြုချက်ကို ဆက်လုပ်ဖို့ သူက တိုက်တွန်းပြီး တဘက်မှာလည်း တရုတ်ရဲ့ အစုအဖွဲ့တွေအနေနဲ့ “ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်” မှာ အကူအညီ တစုံတရာ မပေးဖို့လည်း သတိပေးလိုက်ပါတယ်။၊

ဘေဂျင်းမှာ တရုတ်နိုင်ငံခြားရေးတန်ကြီး ဝမ်ယီနဲ့ သောကြာနေ့က တွေ့ဆုံအပြီးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောတာပါ။ နှစ်ဘက်ကြားမှာ ယူကရိန်း စစ်ပွဲလို၊ အစ္စရေး-ဟားမတ်စ် ပဋိပက္ခ လိုနဲ့ ဥရောပနဲ့ တရုတ်ကြား တဖက်စောင်းနင်းဖြစ်နေတဲ့ ကုန်သွယ်ရေးလို ကိစ္စရပ်တွေ အတွက် အမြင်ကွဲပြားမှုတွေ ရှိနေပေမယ့် ရှေ့ဆက်ပြီး တွေ့ဆုံ ဆွေးနွေးကြဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

အခုတွေ့ဆုံဆွေးနွေးပွဲက လာမယ့်လထဲမှာ တွေ့ဆုံဖို့ရှိတဲ့ အီးယူ-တရုတ် ခေါင်းဆောင်များ အစည်းအဝေးရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဥရောပသမဂ္ဂဟာ တရုတ်လျှပ်စစ်ကားထုတ်လုပ်သူတွေကို ပေးတဲ့ ထောက်ပံ့ကြေးတွေနဲ့ ပတ်သက်ပြီး ကုန်သွယ်ရေး ဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို စတင်လုပ်ဆောင်နေပြီး တရုတ်နိုင်ငံအပေါ် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်လာချိန်လည်း ဖြစ်ပါတယ်။

ကုန်သွယ်ရေး၊ နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တရုတ်နဲ့ ပြိုင်ဆိုင်နိုင်ဖို့ အမေရိကန်က ဥရောပအပါအဝင် မဟာမိတ်တွေရဲ့ အကူအညီကို ရယူနေတယ်လို့ တရုတ်ဘက်ကလည်း ဝေဖန်ထားပါတယ်။ ဒီလို ကိစ္စရပ်တွေကို နိုင်ငံရေးပြဿနာ အဖြစ် ပုံမဖော်ဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက သတိပေးထားပါတယ်။

XS
SM
MD
LG