သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက်အငြင်းပွားမှုအပေါ် တာဝန်မဲ့ပြောဆိုဟု G-7 ကို တရုတ်ဝေဖန်


Shugaba Buhari a Taron G7
Shugaba Buhari a Taron G7

အရှေ့နဲ့ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားနေကြတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး သူ့အဆို တာဝန်မဲ့ ပြောဆိုမှုတွေ ပြုလုပ်တာအတွက် G-7 စက်မှုထိပ်သီး နိုင်ငံ ၇ နိုင်ငံကို တရုတ်က ဒီကနေ့ပဲ အပြစ်တင်သွားပါတယ်။

တနင်္လာနေ့ G-7 ထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ G-7 နိုင်ငံခေါင်းဆောင်တွေက အာရှဒေသရဲ့ ရေပြင်ပိုင်နက် အငြင်းပွားမှုကြောင့် ဒေသတွင်း တင်းမာမှုတွေ မြင့်မားနေတာကို စိုးရိမ်ကြောင်း ထုတ်ဖော်သွားကြပြီး၊ သက်ဆိုင်သူတွေအားလုံး နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာကြဖို့ တိုက်တွန်းထားတာပါ။

ခြိမ်းခြောက်တာ၊ အင်အားသုံးတာနဲ့ နယ်မြေပိုင်ဆိုင်မှုလို နိုင်ငံတနိုင်ငံရဲ့ အနေအထားကို တဘက်သတ် ပြောင်းလဲဖို့ လုပ်တာမျိုးတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်လို့ G-7 ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဒါဟာ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်တို့က လူလုပ်ကျွန်းတွေ မြေဖို့နေတာကို ဝေဖန်တာလို့ အများက ရှုမြင်ပါတယ်။ G-7 ရဲ့ ကြေညာချက်က အချက်အလက် အမှန်တွေကို အခြေခံထားတာ မဟုတ်ဘူးလို့ ပြောပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပယ်ချသွားတာပါ။ တရုတ်က Spratly ကျွန်းစုတွေကို သူတို့ပိုင်ဆိုင်ကြောင်းပြောပြီး လေယာဉ်ပြေးလမ်းတို့၊ အခြေခံအဆောက်အဦးတို့ တည်ဆောက်နေတာပါ။ သဘာဝသံယံဇာတ ပေါကြွယ်တဲ့ ဒီကျွန်းကို Malaysia, Vietnam, Philippines, Taiwan နဲ့ Brunei တို့ကလည်း သူပိုင်ကိုယ်ပိုင် ပြောနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG