သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီနှစ်အတွင်း ပါကစ္စတန်က တရုတ်ကို ဒေါ်လာ ၄.၅ ဘီလျံအကြွေးတင်


ပါကစ္စတန် အစိုးရဘဏ် (SBP)
ပါကစ္စတန် အစိုးရဘဏ် (SBP)

ပါကစ္စတန်နိုင်ငံက နိုင်ငံခြားငွေကြေးအရန်ငွေတွေ တစစ နည်းပါးလာတဲ့ကိစ္စကို အထောက်အကူပြုတဲ့ အနေနဲ့ရော လူမှုစီးပွါး ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ အတွက်ပါ အထောက်အကူဖြစ်စေဖို့အတွက်ပါ ပါကစ္စတန်အစိုးရသစ်ကို ဒေါ်လာ ၃.၅ ဘီလီယံ ငွေချေးပေးမယ်လို့ တရုတ်နိုင်ငံက ကတိပြုလိုက်ပါတယ်။

ပါကစ္စတန်အစိုးရဘဏ် SBP ကို တရုတ်နိုင်ငံဘက်က ဒေါ်လာ ၂.၅ ဘီယံ မကြာခင် လွှဲပြောင်းပေးတော့မှာပါ။ ဒီပမာဏကိုထည့်ပေါင်းလိုက်ရင် ဒီဘဏ္ဍာရေးနှစ်အတွင်း တရုတ်နိုင်ငံကို ပါကစ္စတန်ကတင်နေတဲ့ကြွေးမြီ စုစုပေါင်း ဒေါ်လာ ၄.၅ ဘီလျံထိ ရှိမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေနဲ့ သံတမန်အသိုင်းအဝိုင်းက အတည်ပြုပါ တယ်။ ဒါ့အပြင် ပါကစ္စတန်ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးမှု သင်တန်း၊ သောက်သုံးရေနဲ့ ဆင်းရဲ မွဲတေ မှု ပပျောက်ရေးဆိုင်ရာ ၃ နှစ်တာ အစီအစဉ်တွေအတွက် ဒေါ်လာ ၁ ဘီလီယံ ကူညီမယ်လို့လည်း တရုတ် အစိုးရက ကတိပြုထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်တို့ကတိပေးထားတဲ့အတိုင်း ပါကစ္စတန်ရဲ့ လူမှုစီးပွါး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ တရုတ်ပညာရှင်တွေ ဒီလနှောင်းပိုင်းမှာ မြို့တော် Islamabad ကို လာရောက်ဖို့ရှိတယ်လို့လည်း ပါကစ္စတန် စီမံကိန်းနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီးMakhdum Khusro Bakhtyar ကပြောပါတယ်။

ဒီနှစ်အတွင်း ပါကစ္စတန်က တရုတ်ကို ဒေါ်လာ ၄.၅ ဘီလျံအကြွေးတင်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG