သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံတောင်ပိုင်းမှာ ကားနဲ့ဝင်တိုက်မှုကြောင့် အနည်းဆုံးလူ ၃၅ ယောက်သေဆုံး​​​​​​​


တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်၊ Zhuhai မြို့မှာ လမ်းသွားလမ်းလာတွေနဲ့ လေ့ကျင်ခန်းလုပ်နေသူ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့နေရာ။ (နိုဝင်ဘာ ၁၂၊​၂၀၂၄)
တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်၊ Zhuhai မြို့မှာ လမ်းသွားလမ်းလာတွေနဲ့ လေ့ကျင်ခန်းလုပ်နေသူ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့နေရာ။ (နိုဝင်ဘာ ၁၂၊​၂၀၂၄)

တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်၊ Zhuhai မြို့မှာ လမ်းသွားလမ်းလာတွေနဲ့ လေ့ကျင်ခန်းလုပ်နေသူ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၅ ဦးသေဆုံးပြီး ၄၃ ဦးဒဏ်ရာရရှိသွားတယ်လို့ တရုတ်ရဲ့ တပ်ဖွဲ့တာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ စစ်တပ်ရဲ့ လေကြောင်းပြပွဲတွေ ကျင်းပဖို့ ရှိနေတဲ့ Zhuhai မြို့က အားကစားကွင်းတခုမှာလေ့ကျင့်ခန်းလုပ်နေတဲ့ သူတွေကို တနင်္လာနေ့နှောင်းပိုင်းမှာ ကားနဲ့ ဝင်တိုက်ခဲ့တာပါ။ ကားနဲ့တိုက်သူဟာ အသက် ၆၂ နှစ်အရွယ်ရှိပြီး သူ့ရဲ့အမည်ကို Fan လို့ တလုံးတည်းကိုသာရဲ့ တပ်ဖွဲ့ကထုတ် ဖေါ်ပြောဆိုပါတယ်။ ဘာရည်ရွယ်ချက်နဲ့ အခုလို ကားနဲ့ဝင်တိုက်ခဲ့တယ်ဆိုတာကိုတော့ အာဏာပိုင်တွေက ပြောဆိုတာမရှိဘဲ ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ရဲတပ်ဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံ လူမှုကွန်ရက်တွေက အစောပိုင်း ဗွီဒီယိုနဲ့ ဓာတ်ပုံတွေမှာတော့ လမ်းပေါ်မှာ ဒဏ်ရာရတဲ့သူတွေကို အရေးပေါ်ဝန်ထမ်းတွေက ကုသနေတတွေ တွေ့ခဲ့ရပြီး၊ နောက်ပိုင်းမှာတော့ လူမှုကွန်ရက်မှာ ဖော်ပြတာတွေကို ပိတ်ပင်တားမြစ်မှုတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG