သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အပူလှိုင်းဒဏ် လူ ၁၀ ဦးကျော်သေဆုံး


တရုတ်နိုင်ငံ နေရာတော်တော်များများမှာ စံချိန်ချိုးလောက်အောင် အပူလှိုင်းရိုက်ခတ်ခဲ့တဲ့အတွက် လူသေဆုံးမှုတွေ ကြုံခဲ့ရသလို၊ အစိုးရကလည်း အရေးပေါ် ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ ၉ ရက်ဆက်တိုက် ၃၈ ဒီဂရီ စင်တီဂရိတ်ကျော် ဖြစ်နေတဲ့ ရှန်ဟိုင်းမြို့မှာ အပူရှိန်ကြောင့် လူ ၁၀ ဦးမက သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်တွေကို ကိုးကားပြီး နိုင်ငံပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

နှစ်ပေါင်း ၁၄၀ အတွင်း ရှန်ဟိုင်းမြို့မှာ အပူဆုံး ဇူလိုင်လလည်း ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ တရုတ်မိုးလေဝသဌာနကတော့ ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် အန္တရာယ် အဆင့် ၂ အဖြစ်သတ်မှတ်ပြီး မလိုအပ်ရင် အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့နဲ့ အိမ်တွင်းမှာ နေထိုင်တဲ့ အခါမှာလည်း လေအေးစက်နဲ့ နေထိုင်ကြဖို့ သတိပေးခဲ့တာပါ။

Sichuan ပြည်နယ် Daying ခရိုင်က ကစားကွင်းမှာ ရှိတဲ့ မိုးလုံရေကူးကန် ကိုတော့ အပူခိုတဲ့ ဒေသခံတွေ တနေ့တည်းနဲ့ လူသောင်းကျော် လာရောက်ခဲ့ကြတာပါ။ နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်က Hangzhou မြို့ တိရစ္ဆာန် ရုံမှာတော့ အပူဒဏ်သက်သာဖို့ တိရစ္ဆာန်တွေကို ရေခဲချောင်းတွေ အသီးတွေ ကျွေးနေရပါတယ်။
XS
SM
MD
LG